Cha-6 ARC-1(4)

205 23 0
                                        

Title - Quick Transmigration: Destroy the Heroine System

Original Author name - yumemmc

Date - August 31,2022

Chapter-6 Cultivation Genius and Heroine Halo(4)

ARC-1

ဆောင်းဦးတောင်ဟာ တကယ့်ကိုပဲနာမည်နဲ့လိုက်ဖက်လေတယ်။ သူ့ပတ်ဝန်းကျင်မှာ လှပတဲ့ဆောင်းဦးသစ်ရွက်လေးတွေနဲ့ ခြံရံထားတယ်။

ရှင်းရှောင်းဂိုဏ်းနဲ့ တခြားသောဂိုဏ်းတွေက တပည့်ဂိုဏ်းသားတွေခေါ်ယူနေတာကြောင့် လူအုပ်ကြီးဖြစ်နေတယ်။ Sia က နောက်ကိုလှည့်ကြည့်ပြိးသက်ပြင်းချလိုက်တယ် ။ ဒီဇာတ်လိုက်ကောင်ကတော့ သူမ့နောက်ကိုလမ်းပျောက်သွားတဲ့ ခွေးပေါက်လေးတစ်ကောင်လို လိုက်နေတော့တာပါပဲ။

ရုတ်တရက် system ပြောတာကိုသူမကြားလိုက်ရတယ်။

[ Hidden quest ကိုအသက်သွင်းပြီးပါပြီ ညာဘက်ကို 5 လှမ်းသွားပြီးတော့ ဘယ်ဘက်ကိုလှည့်ကြည့်လိုက်ပါ]

Sia ကစိတ်ဝင်စားလာတာကြောင့် အဲ့ဒီနေရာကိုသွားလိုက်တယ် ဟိုအရူးဇာတ်လိုက်ကောင်က သူမ့နောက်ကို လိုက်နေတဲ့အချိန်မှာပေါ့။ Sia ကသိပ်မကြာခင်မှာပဲ သူမရဲ့ဦးတည်ရာကို ရောက်သွားပြီးတော့ ပြင်းပြင်းထန်ထန်ဒဏ်ရာရထားတဲ့ လူတစ်ယောက်ကိုတွေ့လိုက်တယ်။

[ Hidden Mission လင်းဟန့်ကို ကယ်တင်ပါ(Life point 30000)]

Sia ကသူမရှေ့က လူကိုကြည့်လိုက်တယ်။
" ဒီဇာတ်လမ်းရဲ့ဗီိလိန်က ဘာလို့ပြင်းပြင်းထန်ထန်အရိုက်ခံထားရတာတုန်း "

[ Host ရေ villain တွေဆိုတာက ဇာတ်လမ်းတစ်လျှောက်လုံးမှာ ပျော်ပျော်နေရပေမယ့် နောက်ဆုံးမှာ အဖျက်ဆီးခံရတဲ့လူတွေပါ]

" ဒါပေမယ့် အခုကအစပဲရှိသေးတယ်လေ ။သူကဘာလို့ အရိုက်ခံထားရတာလဲ "

[..................]

Sia က ဒဏ်ရာရနေတဲ့လူကို ကြည့်ပြီးတော့သက်ပြင်းချလိုက်တယ်။
ဘုရားရေ... ဘယ်လိုတောင်ဆိုးလိုက်တဲ့ကံလဲ!
ဒါပေမယ့်လဲ လုပ်ကြတာပေါ့။

Sia ကသူ့ကို ကြည့်ရူစစ်ဆေးလိုက်ပြီးတော့ လေမန္တန်ကိုသုံးကာ သူ့ရဲ့အလေးချိန်ကိုလျော့စေပြီး သူ့ကိုသယ်လာလိုက်တယ်။ ဒီမန္တန်က လူကိုလွင့်မြောစေဖို့ပဲ လုပ်နိုင်တာ။ သူ့ကို သူမရဲ့လက်ပေါ်မှာ 1 cm ခွာပြီး မြောအောင်လုပ်ရတာကလွယ်ပါတယ်။

သူမ ဒီလူကို ဒီတိုင်းကြီး တရွတ်တိုက် မဆွဲသွားချင်ဘူးလေ။ သူမရဲ့နူးညံ့တဲ့ခန္တာကိုယ်လေးက ဒီလိုလူအလေးကြီးကို တရွတ်တိုက်မဆွဲသွားနိုင်ပါဘူးနော် ။

အခု လင်းဟန်အကြောင်း ပြောကြရအောင်...
ဇာတ်လိုက်မကိုချစ်မိသွားပြီး သူမကိုပိုင်ဆိုင်ဖို့ကြိုးစားတဲ့ သာမန်ဗီလိန်တွေနဲ့မတူပဲ လင်းဟန်ကကွဲပြားတယ်။ လီယန်က သူ့အတွက်ပြဿနာဖြစ်စေတဲ့အတွက် သူကလီယန်ရဲ့ရန်သူဖြစ်လာခဲ့တာ။ သူက အသန်မာဆုံးသူဖြစ်ဖို့ဆန္ဒရှိပေမယ့် သူ့ဝိညာဥ်ဘိုးဘေးအဆင့်ကို တက်လှမ်းတော့မယ့်အချိန်မှာပဲလီယန်ကသူ့ကိုနှောင့်ယှက်ခဲ့တယ်။

အဲ့တာကြောင့် သူကအလွန်ကိုဒုက္ခရောက်ခဲ့ပြီတော့ အဆင့်လဲ 3 ဆင့်ကျသွားခဲ့တယ်။ အဲ့ဒီကစပြီးတော့သူက ဒီအတွဲရဲ့နောက်ကို လိုက်နှောင့်ယှက်တော့တယ်။ သို့ပေမယ့် အဆုံးသတ်မှာတော့ သူအသတ်ခံခဲ့ရတယ်။ ဇာတ်လမ်းတစ်ခုလုံးမှာ သူကရက်စက်တဲ့သူဖြစ်ပေမယ့် ဝိညာဥ်ဘေးဘိုးအဆင့်ရောက်နိုင်မယ့်အခွင့်အရေးရတဲ့ တစ်ဦးတည်းသောသူဖြစ်လေတယ်။

Sia က သူကိုသယ်ရင်းစျေးကို ဖြတ်လျှောက်သွားတယ်။ ပြီးတော့သမားတော်ကို သူ့ကိုဂရုစိုက်ဖို့ပြောပြီးနောက်ထွက်လာခဲ့တယ်။

[ Host သူ့ကိုကယ်ရမယ်လေ]

ဘာ?!ငါသူ့ကိုကယ်ပြီးပြီလေ!

" ဘာပဲဖြစ်ဖြစ် စိတ်မပူနေပါနဲ့ သူ မသေဘူး "

Sia က သူကြောင့်နောက်ကျခဲ့တယ်။ သူမဇာတ်ကြောင်းကို အများကြီးပြောင်းဖို့အတွက် အစီအစဥ်မရှိဘူး။ သူမရှင်းရှောင်းဂိုဏ်းကိုဝင်ပြီး သူမရဲ့ mission အတွက် လီယန်ရဲ့ဂိုဏ်းတူညီမ ဖြစ်လာမယ်။

Sia ကသက်ပြင်းချလိုက်ပြီး ဂိုဏ်းသားရွေးတဲ့အဆောက်အဦးဆီကိုသွားလိုက်တယ်။ သူမ အဲ့အထဲကိုဝင်ရဖို့လိုတယ်။

※※※

ဇာတ်လိုက်မကိုဖျက်ဆီးမယ်(QT:DTHS) Where stories live. Discover now