Cha-4 ARC-1(2)

295 31 0
                                        

Title - Quick Transmigration: Destroy the Heroine System

Original Author name - yumemmc

Date - August 24,2022

Chapter-4 Cultivation Genius and Heroine Halo( 2)

ARC-1

Sia ကိုယ့်ကိုယ်ကိုယ်ကြည့်လိုက်တယ်။ ဒီနှင်းဆီအိပ်ရာပေါ်ပြန်ရောက်နေပြန်ပြီ။

[ပြန်လည်ကြိုဆိုပါတယ် host။ ပထမဆုံး mission ဆီသို့ကူးပြောင်းလိုပါသလား။ Yes or No? ]

Sia ကအသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီးတော့ပြောလိုက်တယ်။

"Yes"

ရုတ်တရက်ဆိုသလိုပဲ အမှောင်ထုက သူမကိုဝါးမျိုးသွားလေတယ်။

[ မူလကိုယ်၏ မှတ်ညဏ်များလွှဲပြောင်းနေ
ပါသည် .........3......2...1]

သူမစိတ်ထဲကို များပြားတဲ့အရာတွေ အလုံးအရင်းဝင်လာတာနဲ့တစ်ပြိုက်နက် Sia ဟာအသက်ပြင်းပြင်းရှူလိုက်မိလေတယ်။

Sia ကူးပြောင်းကူးလာတာက ရှီမင်ယွိရွှယ်ရဲ့ကိုယ်ဖြစ်လေတယ်။ သူမကဇာတ်လိုက်ရဲ့ ဂိုဏ်းတူညီမဖြစ်တယ်။ သူမက ပါရမီရှင်ဖြစ်လို့ ကျော်ကြားတယ်။ ဇာတ်လမ်းထဲမှာတော့ သူမမိသားစုရဲ့ နောက်ကြောင်းကိုမသိရလေဘူး။ ဇာတ်လိုက်ကသူမကို ရေကန်နားမှာရှာတွေ့ခဲ့ပြီးတော့ သူမကိုသူ့ရဲ့ဆရာဆီကို ခေါ်ဆောင်သွားခဲ့တယ်။

ရှီမင်ယွိရွှယ်က ရွှမ်ယွမ်လီယန်ကို အမြဲချစ်ခဲ့ပေမယ့် သူမက သူမရဲ့အချစ်တွေကို ဘယ်တော့မှ ထုတ်မပြခဲ့ပါဘူး။ ဇာတ်လိုက်မ ဖုန်းဝမ်ဝမ်ကို တွေ့တဲ့အခါမှာတော့ ရွှယ်က သူမကို လီယန့်ကို လုယူသွားတဲ့အတွက် မုန်းလေတော့တယ်။ အဲ့တာကြောင့် သူမဟာပြဿနာတွေအများကြီးကို ဖန်တီးခဲ့ပြီး အဆုံးသတ်မှာတော့ လီယန်ကသူမကို မသန်မစွမ်းဖြစ်အောင်လုပ်လိုက်ပြီးတော့ရောင်းစားလိုက်လေတယ်။

ရွှယ်ရဲ့မှတ်ဥာဏ်တွေကနေတစ်ဆင့် Sia က အခု ဇာတ်လိုက်ကောင်နဲ့ တွေ့ရတော့မယ်ဆိုတာ သိလိုက်လေတယ်။ သူမကအသက် 14 ပဲရှိသေးပေမယ့် ဝိညာဥ်ပဒေသရာဇ် ပထမအဆင့်တောင် ရောက်နေပြီဖြစ်လေတယ်။

[ Host mission ကိုကြည့်မလား? ]

Sia ကခေါင်းညိမ့်လိုက်တယ်။

ဇာတ်လိုက်မကိုဖျက်ဆီးမယ်(QT:DTHS) Where stories live. Discover now