(Unicode)
ပိုင်ဆိုင်ပြီးသား ပန်းပွင့်လေးတစ်ပွင့်။
နင်းချေချင်ရင် နင်းချေပစ်မယ်။
နမ်းရှိုက်ချင်ရင် နမ်းရှိုက်မယ်။
စွန့်ပစ်ချင် စွန့်ပစ်မယ်။
နှင်းဆီငယ်သာမောင့်ကို ထားသွားခွင့်မရှိ။
_________________Taehyungအိမ်ထဲကိုပြေးဝင်လာရင်း အခန်းတံခါးလေး လော့ခ်ချကာ အော်ငိုနေသည်။
ရင်ဘတ်ကို ထုရိုက်ကာ သူနာကျင်နေခဲ့သည်။
စို့နှင့်လာမှုက အသက်ရှူနှုန်းကိုပင် ခက်ခဲစေသည်။လုပ်ရက်လိုက်တာ။
ကျနော့်မျက်စိရှေ့မှာမောင်က တခြားအမျိုးသမီးခန္ဓာကိုယ်ကို ထိတွေနေခဲ့တယ်။
ရင်ထဲဘယ်လောက်ထိတောင် ကမ္ဘာပျက်ခဲ့ရလဲ ဆိုတာမောင်သိမယ်မထင်။မောင့်ကိုချစ်လာဖို့အတွက်ကြိုးစားပေးမည်အထိ စဥ်းစားနေခဲ့တယ်။
ကျနော့်ဘဝက အမြဲထိုးနှက်ချက်တွေကြားအသက်ရှင်နေရပြီ ထင်ပါရဲ့။
မိဘတွေဆုံးပါးပြီး ရုပ်သေးရုပ်တစ်ရုပ်ဖြစ်ခံရတာတင် မကျေမနပ်သေးလို့ အခုမောင်ကပါ
ကျနော့်ကို သက်မဲ့အရုပ်တစ်ရုပ်၊ခံစားချက်မဲ့နေတဲ့သူလိုပါ ဆက်ဆံခဲ့ပြီ။လက်ထပ်ထားတယ်လေ။ဘာလို့ တခြားမိန်းမရဲ့
အထိအတွေ့တွေထဲ ပျော်ဝင်နေရတာလဲ။ကျနော်များ မောင့်ကိုစိတ်ကျေနပ်မှုမပေးနိုင်လို့များလား။
ကျနော့်ကိုယ်ခန္ဓာက မောင့်အတွက်မတင်းတိမ်နိုင်ခဲ့လို့လား။တစ်ညတာလေးနဲ့ကိုယ်ခန္ဓာတစ်ခုလုံး နင်းခြေခံရသည်။
အခုနေ့ တစ်နေ့မှာတင် ထပ်ပြီး နင်းခြေခံရပြန်သည်။ဒီတစ်ကြိမ်ကတော့ ကျနော့်နှလုံးသားလေး ကြေကွဲမတတ်ကို နာကျင်ရတယ်။Taehyung သူ့လက်သကြွယ်မှလက်စွပ်လေးကိုကြည့်ကာ ပိုတိုးလို့ မျက်ရည်တွေကျရသည်။
ချစ်တယ်ဆို။ဘာလို့လဲ။ဘာလို့ အခုလိုလုပ်ရတာလဲ မောင်ရယ်။
ဦးငယ် မောင့်စိတ်တိုင်းကျနေနေပေးခဲ့တယ်လေ။ဦးငယ်တစ်ဘဝလုံး မောင့်အကြိုက်ဆောင်ပေးနေတာပါ။
လက်ထပ်မဲ့ကိစ္စကအစ ဦးငယ်မငြင်းဆန်ခဲ့ဘူးလေ။မောင်ပျော်နေရင် ပြီးတာပဲဆိုပြီး အမြဲကျေနပ်ပြီးနေပေးခဲ့တာ။
![](https://img.wattpad.com/cover/314266140-288-k477209.jpg)
YOU ARE READING
ဦးငယ်~(Completed)