(Unicode)
နှင်းဆီဖြူတွေပွင့်တဲ့ ရပ်ဝန်းငယ်မှာသာမောင်နေထိုင်မည်။
နှင်းဆီနီလေးပန်ဆင်ထားတဲ့ ဦးငယ်ကိုယုယကြင်နာပါ၏။
လေပြေတွေခေါ်ဆောင်ရာအရပ် နေထွက်ချိန်မှစပြီး နေဝင်ချိန်တွေတိုင်း အတူရှိနေမယ်။
နွေးထွေးစေတဲ့ရင်ခွင်ငယ်လေးထဲ အမြဲနားခိုရင်းသာ။
_____________ဆေးရုံဆင်းရမည့်ရက်လေးရောက်လာခဲ့သည်။
Taehyung Jungkook ကိုနေအိမ်လေးစီသို့ပြန်ခေါ်သွားလေပြီ။လက်ထပ်ထားတယ်ဆိုတာကိုထုတ်ပြောခဲ့သည်။သို့သော်အလိမ်အညာလေးတစ်ခုကိုထည့်ထားလေသည်။ဒါကိုတော့ Jungkook သိမည်မဟုတ်ချေ။အဲ့အကြောင်းလေးကတော့ အကျည်းတန်ကိစ္စတွေပင်။
အခုချိန် မင်းကဖောက်ပြန်ထားခဲ့တာလို့ပြောလိုက်ရင်း အခြေအနေတွေကပိုဆိုးမည်လေ။ကျနော့်မိဘတွေကဆုံးပါးသွားပြီ။
ဦးက ကျနော်နဲ့လက်ထပ်ထားတယ်။
အခုလက်ရှိမှာ ဦးကစာရေးဆရာလုပ်နေသည်။
ခနတော့နားထားသည်တဲ့။ကျနော်က နည်းနည်းဆိုးသည်တဲ့လေ။
အဲ့တာကြောင့်လည်း ဆေးရုံမှာကျနော့်ကိုစိတ်ဆိုးတာနေမယ်။
ရိုက်ပြီးအော်ငိုတဲ့အထိဆိုတော့ ဦးမှာကျနော့်ကို
ခွင်မလွှတ်နိုင်စရာကိစ္စတွေရှိနေမှာ။ကားတိုက်ခံရပြီး အမြင်အာရုံတွေပါမက မှတ်ဉာဏ်တွေပါပျောက်ဆုံးသွားရပြီ။
ကျနော်က ဘယ်လိုလူစားမျိုးလဲဆိုတာသိချင်မိပါရဲ့။
ဆယ်နှစ်တောင်ကွာတဲ့ဦးကို ကျနော်ဘယ်လိုလက်ထပ်မိထားတာလဲ။
ဘယ်လိုတွေဆိုးခဲ့တာလဲ။ကျန်တာတော့ဘာမှထပ်မပြောသေး။
ကျနော်ကိုယ်တိုင်လည်းမမေးမိ။
အသက်ကယ်ပေးထားတာကိုပဲကျေးဇူးတင်ရမည်လေ။ကျနော့်လက်လေးတွဲကာ လှေကားထစ်တွေပေါ်တက်ရင်း အခန်းလေးတစ်ခုစီခေါ်သွားသည်။
အိခနဲဖြစ်သွားသည့် မွေ့ယာလေးထက်ထိုင်စေလေသည်။
" ဒါကမောင့်အခန်း...ဒီမှာနေရမယ် ဟုတ်ပြီလား..."
ခေါင်းလေးငြိမ့်ပြသည်။
" ဦး...ဒါနဲ့ ဦးက ဘယ်အခန်းမှာနေမှာလဲ..."
BINABASA MO ANG
ဦးငယ်~(Completed)