(Unicode)
နှင်းဆီငယ်လေးက မောင့်အပိုင်။
_____________
" Jeon Junghyung...ဒီကိုလာစမ်း!..."
" လာဝူး..."
" သမီး!...PaPa ခေါ်နေတယ်လေ...အပြစ်လုပ်ပြီး
ထွက်ပြေးလို့မရဘူးနော်..."" လာဝူး...PaPa က ကြိမ်လုံးကြီးနဲ့လေ...Jung Jung သာအနားလာရင် Pa Pa ကရိုက်မှာပေါ့လို့..."
" Jeon Jung Hyung!..."
ဧည့်ခန်းထဲမြေကြီးဆွေပေပွနေသည့် ငါးနှစ်အရွယ်ကလေးမလေး ကပတ်ပြေးနေလေသည်။
Taehyung သူ့ရဲ့သမီးကို သူကိုယ်တိုင်မနိုင်စိန်ဖြစ်နေရတော့သည်။ခေါင်းမာချက်တော့ သူ့အဖေတိုင်းပင်။
မောင်ကအမြဲအလိုလိုက်တော့ ကျနော်ကိုဆိုလုံးဝမကြောက်တော့ပေ။ဆူနေရင်တောင် ပြုံးစိစိနဲ့ရယ်နေသေးတာ။
" ရား!...ပတ်မပြေးနဲ့လို့..."
" ခစ်...ခစ်...ခစ်...PaPa မောနေပြီ..."
တကယ်လည်း Taehyung ဧည့်ခန်းမှဆိုဖာခုံတွေကိုပတ်ပြေးရင် မောနေတာပင်။
Junghyung လေးကအလည်လေးဖြစ်တာကြောင့် သူ့PaPa လက်ထဲမမိအောင်နည်းမျိုးစုံသုံးကာ ပတ်ပြေးနေသည်။
သူ့ PaPa မောနေတာကိုကြည့်ပြီးတော့လည်း တစ်ခစ်ခစ်နဲ့ရယ်နေသည်။" သမီးနော်...PaPa စကားနားမထောင်ရင်
ရေခဲမုန့်တစ်လဝယ်မကျွေးဘူးနော်..."" Appa ကဝယ်ကျွေးလိမ့်မယ်...Pa Pa ဝယ်ကျွေးလည်း စားဝူး..."
" သမီး!..."
" ရှင်...ရှင့်..."
လုံးဝကိုမကြောက်တဲ့ Junghyung လေးကြောင့်
Taehyung ခေါင်းသာခါမိပါ၏။တစ်ကိုယ်လုံးလည်း မြေကြီးတွေပေပွနေသည်။
ခြံထဲက နှင်းဆီပင်တွေကို ဆွဲနုတ်လာသည်လေ။
မောင်သာ သိရင် ဒေါသပုန်ထအုံးမှာ။
နှင်းဆီဖြူတွေကို ခြံထဲသေချာစိုက်ထားသည်လေ။ကျနော်နဲ့တူလို့တဲ့။မောင့်ချစ်ခြင်းတွေက နှင်းဆီဖြူတွေဖြစ်သည်ကြောင့် ခြံထဲ နှင်းဆီဖြူတွေသာပြည့်နေသည်။
မနေ့ကလေးတင်မှ အသစ်စိုက်ထားသည့် နှင်းဆီနီတွေကတော့ မောင့်ရဲ့ချစ်ခြင်းတွေတဲ့လေ။
အဲ့ဒီပျိုးပင်ပေါက်လေးတွေကိုမှ သမီးလေးက သွားဆွဲနှုတ်လာသတဲ့။
ဘာလို့ဆွဲနုတ်လဲမေးတော့ လိပ်ပြာဖမ်းရင် အရှိန်လွန်းသွားလို့ပါ Pa Pa ရယ်တဲ့။
အပြစ်ကလွတ်အောင် ချစ်စရာအမူအရာတွေလုပ်ပြသေးတာ။
VOCÊ ESTÁ LENDO
ဦးငယ်~(Completed)