(Unicode)
မုန်တိုင်းထန်လို့ရင်ထဲဝယ် အပြုံးတစ်ပွင့်ကြောင့် ခွန်အားဖြစ်စေပြန်။ပန်းရောင်သွေးတဲ့ နှုတ်ခမ်းလွှာထက် မုန်းတယ်လို့ပြောမည့်အသံကိုသာ နားဆင်မိချင်။
နှုတ်ဆိတ်နေတဲ့ နှုတ်ခမ်းဖျား။တိတ်ဆိတ်နေတော့ ခက်ရတယ်။မောင့်နှင်းဆီငယ်~...
________________________
" ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေ...အချစ်မပျက်ဘဲ နှလုံးသားထဲက ဦးငယ်သာ..."
တစ်ပေါင်သာရှိသည့် ကိတ်မုန့်လေးပေါ်မှ ဖယောင်းတိုင်မီးလေးကို မှုတ်လိုက်သည်။
မျက်ရည်တွေက ဝဲခနဲပင်။မီးဖိုခန်းထဲမှ တိုင်ကပ်နာရီကိုတစ်ချက်ကြည့်မိပြန်တော့ ညဆယ်နာရီ။အိမ်ပြန်ချိန်တွေနောက်ကျနေရောပေါ့။
မနက်အစောကြီးကတည်းက အလုပ်ကိုပဲအာရုံရောက်နေတဲ့
ဦးငယ်။မောင့်နှင်းဆီငယ်လေးရယ်။မေ့ထားရက်တာလား။
Jungkookဝဲတက်လာသည့်မျက်ရည်ဥတွေကိုတင်းခံထားနေသည်။
စားပွဲပေါ်မှ မွေးနေ့ ကိတ်ကလေးကို လှီးလိုက်ရင်း တစ်ယောက်တည်းသားထိုင်စားနေလေသည်။
တိတ်ဆိတ်ငြိမ်သက်နေတဲ့ အိမ်ကလေး။အလုပ်တွေကအရမ်းပဲများလွန်းနေလေသလား။မောင့်ထက်အရေးပေးစရာသူတွေ ဦးငယ်စီရှိနေပြန်ပြီလား။
အတွေးတွေဟာကရောက်ကယက်ပါပဲ။
ကျနော့်မွေးနေ့ကလေးမှာတောင်ဦးငယ်ဿ ရှိမနေပြန်ပါဘူး။မွေးနေ့မှာပျော်ရွှင်ရတယ်တဲ့ ကျနော့်မွေးနေ့ကတော့ မျက်ရည်တွေနဲ့သာ။
ပါးပြင်ပေါ်မှ မျက်ရည်တွေကိုဖိသုတ်လိုက်ရင်း ကျန်ရှိသေးသည့် ကိတ်မုန့်လေးကို ရေခဲသေတ္တာထဲထည့်နေသည့် Jungkook
အိမ်ပေါ်တက်မည်အပြု ကားစက်ရပ်သံက နားထဲနားစွန်နားဖျားပင်။
ဦးငယ်များလား?Taehyung ပြန်လာပြီအထင်နဲ့တက်ကြွနေသည့် Jungkook မှာ
တစ်ခါပြန်ကာငြိမ်ကျသွားလေသည်။မဖြစ်နိုင်ပါဘူးလေ။ဦးငယ်က
ညပြန်လာတာအရမ်းနောက်ကျမယ်လို့မှာသွားတာ။
BẠN ĐANG ĐỌC
ဦးငယ်~(Completed)