(Unicode)
ခြေတော်ရင်းမှာနေလို့ခစားရမည်။
မောင်ကလွဲလို့ နှလုံးသားထဲ သူစိမ်းအဝင်မခံရ။
ချစ်တယ်ပြောရင် ယုံကြည်ပေးဖို့ စိတ်ပိုင်းဖြတ်ထား။
ဝေးကွာခွင့်မရှိ။စွန့်ပစ်ခွင့်လည်း မရှိ။
မောင်သာလျှင် ပိုင်ရှင်မို့။
စွန့်ပစ််ဆိုလည်း မောင်ဘက်ကပဲ စတင်မည်။_________________________________
ကုန်တိုက်လေး၏ အအေးဆိုင်လေးတွင်
စကားစမြည်ပြောနေကြသည်။" ခင်ဗျာ!...အယ်ဒီတာ Min...တကယ်ပြောလိုက်တာလားဗျာ..."
" တကယ်ပြောတာပေါ့ ကိုယ် Taehyung ရဲ့
ဝတ္ထုလေးကို စာအုပ်ထုတ်မယ်..."နားရှိလို့သာကြားနေရသည်။လုံးဝမယုံနိုင်သည့်စကားလေး။
" ဒါပေမဲ့ ဇာတ်သိမ်းက ပျော်ရွှင်စရာမဟုတ်ဘူးလေ..."
" အင်း...ကိုယ်သိပါတယ်...မင်းရဲ့စာသားကိုကိုယ်နှစ်သက်တယ်...မင်းကိုယ့်စီကပြန်သွားပြီးနောက်
ကိုယ်မင်းကိုဆက်သွယ်ဖို့လုပ်ခဲ့တယ်... ဒါပေမဲ့ မင်းက..."Yoongi ပြုံးလိုက်ကာ Taehyung ကိုကြည့်လေသည်။
နေရပ်လိပ်စာလည်းပေးမသွားတဲ့အပြင် ဖုန်းနံပါတ်ပါမပေးဘဲ စိတ်ဆိုးပြီး ရုံးခန်းထဲက ထပြန်သွားတဲ့ ကောင်လေးတစ်ယောက်။
ကျနော့်စကားကိုလည်း ဆုံးအောင်နားမထောင်ခဲ့ဘူးလေ။Taehyung အားနာသလိုဖြစ်သွားကာ...
" ဟို...ကျနော်တောင်းပန်ပါတယ် ခင်ဗျာ့..."
" ဘာအတွက်လဲ..."
" မပြောမဆိုဘဲ ထပြန်သွားမိလို့ပါ..."
" အသေးအမွှာကိစ္စလေးကို တောင်းပန်စရာမလိုပါဘူး...ကိုယ်ကသာ မင်းကိုတောင်းပန်ရမဲ့သူပါ...မင်းရဲ့စာသားလေးတွေကို ထိပါးပြီးပြောမိသလိုဖြစ်သွားတယ်လေ..."
" ဟုတ်ကဲ့ခင်ဗျာ့..."
ဘာဆက်ပြောရမှန်းမသိဖြစ်သွားသည်။
အအေးကိုပိုက်နဲ့စုပ်သောက်နေသည့် Taehyung...သူ့လက်သကြွယ်မှ လက်စွပ်လေးကိုမြင်တော့...
" လက်ထပ်ထားတာပဲ..."
"အာ...ဟုတ်ကဲ့...."
" ကံကောင်းတဲ့အမျိုးသမီးလေးကတော့ပျော်နေရမှာပဲ..."
![](https://img.wattpad.com/cover/314266140-288-k477209.jpg)
YOU ARE READING
ဦးငယ်~(Completed)