(Unicode)
အထိအတွေ့လေးတစ်ခုကတောင် မောင့်အသည်းကိုခြွေသွားလေတယ်။
စာတွေဖွဲ့လို့ မနူးညံ့တတ်။
အကြမ်းအတမ်းပြုမူခဲ့မိတာက စွန့်ပစ်ခံရမှာကိုကြောက်နေခဲ့လို့ပါ။
မောင်ဦးငယ်ကိုချစ်လွန်းလို့ ပိုင်ဆိုင်ချင်ရုံသာ။
___________________နှစ်လကြာမြင့်လေခဲ့ပြီ။
ထိုအချိန်ကာလတစ်ခုအတွင်းမှာပဲ Taehyung
သူနာပြုတစ်ဦးကိုသာ သူ့အခန်းထဲဝင်ခွင့်ပြုသည်။လိုအပ်သည့်ကိစ္စအရပ်ရပ်ကိုလည်း သူနာပြုဆရာမလေးကိုသာပြောသည်။Jungkook နှင့်မျက်နှာချင်းလည်းမဆိုင်သလို
စကားလည်း မပြောဖြစ်ကြချေ။ဦးငယ်စီကနေ ကျနော်အမြဲလစ်လျူ့ရှူ့ခံရတော့သည်။
ကုမ္ပဏီကပြန်လာရင်လည်း ဦးငယ်ကအခန်းထဲအိပ်ပျော်နေလေပြီ။
ကျနော်ပြန်လာတဲ့အချိန်ကလည်း နောက်ကျနေလို့ထင်ပါတယ်။ဦးငယ်လည်း ပင်ပန်းနေရောပေါ့။ဆေးတွေပဲသောက်ပြီးနှစ်လနီးပါး တနေကုန်အိမ်ထဲ သူနာပြုပြောသည့် လေ့ကျင့်ခန်းလေးသာ လုပ်ပြီးနေနေရတာဆိုတော့ ပျင်းလည်းပျင်းနေမှာ။
အခန်းတံခါးလေးကိုတွန်းဖွင့်ကြည့်လေသည်။
ညအိပ်မီးလုံးလေးကလွှဲလို့မီးတွေအကုန်ပိတ်ထားသည်။Jungkook ယိမ်းယိုင်နေသည့်ခြေလှမ်းတွေဖြင့်
အခန်းလေးထဲခြေသံလုံလုံဖြင့်ခိုးဝင်သွားလေသည်။အိပ်ပျော်နေပြီဖြစ်တဲ့ Taehyung ကုတင်လေးပေါ်ထိုင်လိုက်လိုက်သည်။
ဦးငယ်တော်တော်လေးကိုပိန်သွားလေသည်။
မျက်နှာလေးက ညိုးနွမ်းနေသည်။
အိပ်နေတာတောင် မောင်နဲ့အတူနေနေရတာ ဦးငယ်မပျော်ရွှင်ဘူးဆိုတာကိုခံစားမိတယ်။ရင်ခွင်ငယ်လေးရယ်။ခနတာလေးဖြစ်ဖြစ်ခိုနားချင်သည်။
မောင်အရမ်းပင်ပန်းနေသလိုပဲ ဦးငယ်။
တစ်ယောက်တည်း ဖြစ်နေခဲ့တာကို ဦးငယ်မသိလေသလား။ဒါမှမဟုတ်မသိချင်ယောင်ဆောင်နေခဲ့လေသလား။မောင်ဒီနေ့အရက်တွေသောက်လာမိတယ်ဦးငယ်။ပင်ပန်းနေလို့ပါ။
မောင်လေ Appa နဲ့ Omma ကိုအရမ်းသတိရနေတာ။ရင်ထဲအရမ်းနေရခက်နေတယ်။
ESTÁS LEYENDO
ဦးငယ်~(Completed)