(Unicode)
မောင့်ဘဝရဲ့ ဖြစ်တည်ရာ ဦးငယ်။
စွန့်ပစ်လို့ထားမသွားလေနဲ့။
ချစ်တယ်လို့ မပြောလည်းဖြစ်တယ်။
မုန်းတော့မမုန်းလိုက်ပါနဲ့လား။
ရင်ကိုခွဲလို့ နှလုံးသားကိုထုတ်လိုက်သလို
နာကျင်နေတယ် ဦးငယ်။
လွမ်းဆွတ်ခြင်းက အဖော်ပြုနေတာမို့ ။
အထီးမကျန်ချင်တော့ချေ။_________________________
ဂရုစိုက်မှုတွေ၊ယုယပေးမှုတွေ၊ကြင်နာပေးမှုတွေကြား ဘုရင်တပါးအလား။
ချစ်မြတ်နိုးမှုတွေကြား အချစ်ခံလူသားလေးအလား။
ကျနော့်ရဲ့ပဲ့ကိုင်ရှင်ဟာ Min...မနက်ခင်းတိုင်းဟာ Min နဲ့ပဲစတင်သည်။
နေ့ရက်တိုင်းဟာပျော်ရွှင်ရသည်။
မျက်ရည်ကျနေတာမျိုးဆိုတာတောင်မရှိ
Min ကြောင့်သာပြုံးရယ်
ရလွန်းလို့ မျက်ရည်ထွက်မိလေသည်။Taehyung Yoongi လက်မောင်းလေးပေါ်ခေါင်းလေးအုံးပြီး အိပ်နေလေသည်။
သူ့မျက်နှာအစိတ်အပိုင်းတွေကို ကြည့်နေလေသည်။ကျနော့်ကို အမြဲပျော်ရွှင်မှုတွေပေးတဲ့ လူသားလေး။
" မြတ်နိုးမိတယ် Min..."
နဖူးလေးကိုထိကပ်နမ်းလိုက်သည်။
Yonngi Taehyung ကိုရင်ခွင်ထဲပွေ့ဖက်လိုက်သည်။
" အရင်နိုးနေပြန်ပြီလား..."
" အင်း..."
" ကိုယ့်ကို အနမ်းလေးနဲ့နိုးတယ်ပေါ့... "
" ဒါပေါ့ Min...မနက်ခင်းလေးမှာ Tae စီကအနမ်းလေးကို အမြဲလိုချင်တယ်ဆို..."
" လူလည်လေး..."
ကျနော့်အတွက်နွေးထွေးတဲ့ရင်ခွင်။
ထွေးပွေ့မှု။အမြဲတမ်း ဒီလိုလေးနေချင်ခဲ့တာ။" Tae...ဗိုက်ဆာနေပြီလား..."
" ဗိုက်ဆာတာပေါ့ လို့..."
" ရေချိုးပြီး အဝတ်အစားလဲထား...ကိုယ်က မနက်စာပြင်လိုက်မယ်...ပြီးရင် အပြင်သွားပြီး
လည်ကြမယ်လေ..."" ဟုတ်ကဲ့ Min...အပြင်သွားရင်လေ Tae ကိုမုန့်တွေအများကြီးဝယ်ကျွေးရမှာနော်..."
" ဝယ်ကျွေးမှာပေါ့ ဗျာ..."
ချွဲစိန်လေးက တနေ့တခြားပိုပိုချစ်ဖို့ကောင်းလာနေသည်။
မင်္ဂလာပွဲကို တပတ်အတွင်းမိဘနှစ်ပါးနှင့်ယုံကြည်ရသည့်မိတ်ဆွေတချို့ကိုသာဖိတ်ကြားရင်းရွာလေးမှာပဲ ကျင်းပခဲ့သည်။
![](https://img.wattpad.com/cover/314266140-288-k477209.jpg)
YOU ARE READING
ဦးငယ်~(Completed)