(Unicode)
တောင်းပန်တယ်ဆိုတာလည်း ပြောခွင့်မရှိတော့ချေ။ခွင့်လွှတ်ခြင်းဆိုတာလည်း မရှိတော့ပေ။
ချစ်ခြင်း မုန်းခြင်းလည်းမရှိတော့ပေ။
ခံစားချက်မဲ့သွားခဲ့ပြီ။
သို့သော် မောင်ရင်နာစွာနဲ့ ချစ်နေစဲပါ။
ဦးငယ် ပေးသမျှအပြစ်ဒဏ်ကိုအသက်ရှင်နေသမျှ အပြုံးမပျက်ဘဲခံစားသွားမည်။____________________
အရုပ်လေးတစ်ရုပ်လို ခွဲစိတ်ခန်းအရှေ့ထိုင်နေ
သည့် Taehyung သူ့အဝတ်အစားတွင်လည်း Jungkook ရဲ့သွေးတွေစွန်းထင်းနေသည်။မျက်ရည်တွေနဲ့ ရှိုက်ကာငိုနေသည်။
သူ့ဘေးနားဘယ်သူမှလည်းရှိမနေ။
Jungkook တစ်ခုခုဖြစ်သွားမည်ကိုသာစိုးရိမ်နေလေသည်။မောင်ရယ်...ကျေးဇူးပြုပြီး ဘာမှမဖြစ်လိုက်ပါနဲ့။
ဦးငယ်စီပြန်လာပေးပါ။အခုလို ဦးငယ်ကိုထားမသွားရဘူးလေ။
မောင့်မှာလည်း ဦးငယ်ပဲရှိသလို။
ဦးငယ်မှာလည်း မောင်ပဲရှိတော့တာလေ။ခွင့်လွှတ်ပေးပြီဆိုမှ ကံကြမ္မာကဆော့ကစားပြန်ပြီပဲ။
ငိုနေပေမဲ့ နှလုံးသားက ဘာမှမခံစားရချေ။
မောင့်ကို ကျနော်လုံးဝခံစားချက်မဲ့နေတာလား။အခုငိုနေတာကရော မောင့်ကိုစိတ်ပူနေရုံပဲလား။
ဒါမှမဟုတ် ကျနော်တစ်ယောက်တည်းလောကကြီးထဲကျန်နေခဲ့မှာကိုကြောက်နေတာလား။သေချာတာတစ်ခုကတော့ ကျနော့်နှလုံးသားက
မောင့်အပေါ် ဘာမှမခံစားရတော့တာပင်။ဘယ်လိုပဲဖြစ်ဖြစ်မောင်အခုလိုပုံစံမျိုးနဲ့ ဦးငယ်ကိုမစွန့်ပစ်ရဘူးလေကွာ။မရမကအနားကိုခေါ်ထားပြီးမှ မောင်အရင်ထွက်သွားလို့မဖြစ်ဘူးလေ။
ခွဲစိတ်ရမဲ့နေရာက ဦးခေါင်းလို့ပြောလိုက်တာကြောင့် ကျနော်ဘယ်လိုမှရတက်မအေးရတော့ချေ။
ခွဲစိတ်ခန်းမှ မီးနီလေးက မီးစိမ်းလေးစီကူးပြောင်းသွားလေသည်။
ဆရာဝန်ထွက်လာသည်။
" လူနာရှင်..."
" ဟုတ်ကဲ့..."
Taehyung မျက်ရည်တွေကိုသုတ်ပစ်ကာ
ဆရာဝန်အနားသို့သွားလေသည်။" အသက်အန္တာရာယ်တော့စိုးရိမ်စရာမရှိပါဘူး...
ဒါပေမဲ့..."
ESTÁS LEYENDO
ဦးငယ်~(Completed)