Part-19

5K 350 55
                                    

(Unicode)

လမ်းစမရှိတဲ့ သဲသောင်ပြင်ငယ်။
လေညွှန်ရာကိုသွားရမလား။
လမ်းပျောက်ခဲ့ချေပြီ။
တစတစ လွင့်နေတဲ့ သဲပွင့်လေး။
အဆုံးအစ မရှိတဲ့ လမ်းမထက်။
နှင်းဆီငယ်လေးလည်း မရှိတော့ချေ။

__________________

ဆေးရုံကုတင်ပေါ် လှဲလျောင်းနေသည့် Taehyung...

ဆေးသွင်းထားသည့်လက်သွယ်သွယ်လေးကို ဆုပ်ကိုင်ကာဘေးတွင်ထိုင်နေသူကတော့ Yoongi ပင်။

နာကျင်စွာငိုကြွေးရင်းမိုးရေထဲမေ့လဲသွားခဲ့သည်။
Tae ရဲ့ဘဝကတကယ်ကို အ​ချုပ်နှောင်ခံထားရတာ။
မောင်ဆိုပြီး သူအရမ်းချစ်တဲ့သူက ဖောက်ပြန်နေတာသိသိကြီးနဲ့ကို လွတ်ထားပေးတယ်တဲ့။
သနားစရာကောင်းလွန်းတယ်။
ကိုယ်မင်းအနားမှာနေရင်း ကူညီပေးပါမယ်။

မျက်လုံးလေးကတဖြည်းဖြည်းပွင့်လို့လာခဲ့သည်။

ဘေးဘီကိုကြည့်ရင်း သူအနားရှိနေခဲ့သူကြောင့်
စိတ်အေးသွားခဲ့သည်။
တယောက်တည်းဖြစ်မနေခဲ့ဘူးပဲ။
လက်လေးကိုဆုပ်ကိုင်ထားခဲ့တယ်။သူကျနော့်နဲ့တချိန်လုံးရှိနေခဲ့တာပဲ။

" Min..."

ခေါ်လိုက်တာနှင့်စိတ်ပူတကြီး အနားကိုကပ်လာသည်။

" မလှုပ်ရှားလိုက်နဲ့ Tae...ဆေးသွင်းထားတယ်...
မူးနေလား...တစ်နေရာရာကများနာနေသေးလား..."

" ဟင့်အင်း..."

" အားနည်းသွားလို့တဲ့...ဘာမှစိတ်ပူစရာမရှိဘူးနော် Tae..."

" ကျနော့် အမျိုးသားက..."

" ကိုယ်သိတယ်...အခုချိန်မှာ နားနားနေနေခနလောက်နေပါ...ပင်ပန်းနေတယ် မဟုတ်လား Tae..."

ကျနော်သိခဲ့ပြီလေ။Tae အမျိုးသားက နာမည်ကြီးအဆိုတော် တစ်ယောက်။
အသက်အများကြီးကွာတဲ့အပြင် JK က တော်တော်ကို နှိပ်စက်တတ်မဲ့ပုံ။

Taehyung မျက်ရည်တွေကျလာပြန်သည်။

မျက်နှာကျက်ဖြူကိုသာကြည့်ရင်း....

" ကျနော်ဘာမှမရှိတော့ဘူး...အကုန်စွန့်လွှတ်လိုက်ပြီ...ကျနော့်ဘဝက အစကတည်းက
တယောက်တည်းရပ်တည်နေခဲ့ရမှာ...မိဘတွေဆုံးကတည်းက မိဘမဲ့တစ်ယောက်အနေနဲ့နေနေခဲ့သင့်တာ...အခုတော့..."

ဦးငယ်~(Completed)Where stories live. Discover now