(Unicode)မွေးပျံ့တဲ့ ရနံ့လေး။
နှင်းဆီပန်းတိုင်းမနှစ်သက်ဘူး။
သို့သော် မောင်အနှစ်သက်ဆုံး နှင်းဆီပန်းလေးကတော့ဖြူစင်လှပသည့် အဖြူရောင်လေးပင်။
ထိုအဖြူရောင် နှင်းဆီလေးကိုမှထပ်ပြီး အချစ်တွေနဲ့အရောင်ဆိုးမိပြန်သည်။
အနီရောင် နှင်းဆီတွေက မောင့်ရဲချစ်ခြင်း
သက်သေတွေဖြစ်သလို။
အဖြူရောင်နှင်းဆီပန်းပွင့်လေးကတော့ မောင့်ရဲ့မြတ်နိုးရာလေးပေါ့။___________________
နွေးထွေးလွန်းတဲ့ ရင်ခွင်ငယ်လေးထဲ နိုးထခဲ့ရတော့သည်။
အနီကွက်လေးတစ်ချို့ရှိနေသည့်ရင်ဘတ်ဖွေးဖွေးလေးကို အနမ်းလေးပေးမိပါသည်။ညကအဖြစ်အပျက်တွေက ရင်နာစရာကောင်းပေမဲ့ ကျနော့်ပျော်မိပါရဲ့။
ဦးငယ်နှုတ်ခမ်းဖျားကနေ မောင်လို့ခေါ်နေပေးသည်လေ။Jungkook Taehyung ရင်ခွင်လေးထဲက ထွက်လိုက်ရင်း တံတောင်လေးထောက်ကာ အိပ်ယာကိုအမှီပြုထားသည်။
ဆံနွယ်လေးတွေကိုထိကိုင်လေသည်။" ဦးငယ်..."
နှာတံလေးကို ခပ်ဖွဖွလေးနမ်းလေသည်။
" မောင့် နှင်းဆီငယ်လေး~..."
ခပ်တိုးတိုးပြောလိုက်တော့ မျက်ဝန်းလေးကပွင့်လာသည်။
ကျနော့်မျက်နှာအစိတ်အပိုင်းတွေကို အသေးစိတ်ကြည့်နေသည်။" မောင်..."
ပါးပြင်လေးကိုလာထိတွေ့လေသည်။
"မောင်ကဘာလို့ အမြဲတမ်းချောနေရတာလဲ... "
Taehyung ရဲ့ရုတ်တရက်ဆန်သည့်စကားကြောင့် Jungkook သဘောကျစွာပြုံးလိုက်သည်။
သို့သော် သူ့အပြုံးတွေကို ခနအတွင်းပျောက်အောင်လုပ်တော့မည်။
" ဟုတ်သား... အမြဲတမ်းချောနေတဲ့ ဒီမျက်နှာနဲ့ပဲ မိန်းကလေးတွေရဲ့ အိပ်ပေါ်ရောက်နိုင်ခဲ့တာပဲ..."
ရင်ထဲနင့်ခနဲပင်။ဦးငယ် အမြဲတမ်းအခုလိုပြုမူပြောဆိုနေတော့မည်ထင်ပါရဲ့။
ဘာမှပြန်မပြောမိဘဲ။ပြုံးသာပြုံးမိသည်။
ဦးငယ်ရဲ့နာကျင်စေတဲ့စကားလုံးတိုင်းကို မောင်
အပြုံးတွေနဲ့ ကျေကျေနပ်နပ်ကြီးလက်ခံမှာပါ။
![](https://img.wattpad.com/cover/314266140-288-k477209.jpg)
KAMU SEDANG MEMBACA
ဦးငယ်~(Completed)