(Unicode)
အနိုင်ပေးလို့အနိုင်ယူချင်တာ ဆန်းသလား။
နင်းချေခွင့်ပေးလို့ နင်းချေတာ။
နမ်းရှိုက်ခွင့်ပေးလို့ နမ်းရှိုက်တာ။
ခြေဖဝါးအောက်မှ အချစ်ခံသတ္တဝါလေး။
ချစ်လွန်းလို့ အနိုင်ယူချင်ခဲ့တာ။
တသက်လုံးမောင့်ရဲ့အချစ်ကျေးကျွန်လေးဖြစ်နေစမ်းပါ။_______________________
Taehyungအခန်းတံခါးရှေ့ကြမ်းပြင်လေးပေါ် ခွေခွေလေးအိပ်ပျော်နေသည်။
Jungkook တံခါးကိုအထဲကနေလော့ခ်ချထားတာကြောင့်သူတစ်ညလုံး အခန်းအပြင်လေးတွင်အိပ်ပျော်နေခဲ့သည်။
တစ်ညလုံးမောင်ဆိုသည့်နာမ်စားလေးကို
ယောင်ယမ်းရင်း ငိုနေသေးတာပင်။လေချွန်သံလေးနဲ့အတူ အခန်းတံခါးလေးကပွင့်လာခဲ့သည်။
" မောင်..."
ခြေသံလေးကြားတာနဲ့ချင်ချင်းပင်ခေါင်းလေးထောင်လာကာ ထထိုင်သည်။
သူ့ကို လက်ပိုက်ကြည့်နေသည်။
နောက်တော့ သက်ပြင်းချသံနဲ့အတူ ဒူးတစ်ဖက်ထောက်ကာထိုင်ချသည်။မျက်နှာငယ်လေးကိုထိကိုင်လိုက်တော့
တစ်ခုခုပြောဖို့ဟန်ပြင်နေသည့် နှုတ်ခမ်းလေး။မျက်လုံးလေးက ဖောင်းအစ်နေသည်။
မျက်ခမ်းစပ်နဲ့နားခေါင်းထိပ်လေးကလည်း နီရဲနေသည်။" တစ်ညလုံးငိုနေတာမလား...ဦးငယ်ရဲ့ရှိုက်သံက
အခန်းထဲထိကြားနေရတယ်..."Taehyungဘာမှပြန်မပြောမိ Jungkook မျက်နှာလေးကိုသာ ကြည့်နေသည်။
ကျနော့်ကိုယ်ခန္ဓာလေးကိုမောင် ထိကိုင်ကြည့်နေသည်။
" တစ်ကိုယ်လုံးအေးစက်နေတာပဲ...ဘာလို့အခန်းထဲဝင်မအိပ်ရတာလဲ!..."
ခန္ဓာကိုယ်လေးကအော်သံလေးကြောင့်တုန်တက်သွားသည်။
" ဟို...မောင်တံခါးလော့ခ်ချထားတာနဲ့...ဦးငယ်...
ဒီမှာပဲအိပ်ပျော်သွားတာ..."" သော့အပိုရှိနေတာပဲ ဖွင့်ပြီးဝင်လာခဲ့လေ!..."
" သော့...သော့အပိုတွေကလည်း အခန်းထဲမှာလေ..."
" အထစ်ထစ်အငေါ့ငေါ့မလုပ်စမ်းနဲ့... စကားကိုသေချာရဲရဲပြောစမ်းပါ...လက်တွေလည်းရှိနေတာပဲ...စကားလည်းပြောတတ်နေတာလေ...တံခါးခေါက်ပြီး မောင်ရေ လို့ ခေါ်ရောပေါ့... "
![](https://img.wattpad.com/cover/314266140-288-k477209.jpg)
STAI LEGGENDO
ဦးငယ်~(Completed)