(Unicode)
' မောင် ' အပေါစားဆန်တဲ့နာမ်စားလေးဖြစ်ခဲ့ပြီ။
မြတ်နိုးခဲ့တဲ့ ထိုနာမ်စားလေးကအခုတော့
အမှိုက်စလိုပင်။
ကိုယ့်လက်ထဲက လုယူသွားနိုင်တဲ့ဘယ်သူမဆို ခေါ်နိုင်တဲ့ နာမ်စားလေးဖြစ်နေလေပြီ။
ချစ်ခြင်း၊မုန်းခြင်းသည်လည်း မခံစားရတော့ပေ။__________________
မီးဖိုခန်းထဲ ကိုယ်တိုင်ချက်ပြုတ်နေသည်။
ပဲပင်ပေါက်ဟင်းရည်လေးကိုပြင်ဆင်နေတာပင်။
Jungkook အတွက် အမူးပြေဟင်းရည်လေးပေါ့။ထမင်းဝိုင်းလေးကိုသေချာပြင်ဆင်ပြီး သူအေပ
ရွန်လေးကိုချွတ်ကာ အခန်းလေးစီသို့ဦးတည်သွားလိုက်သည်။တံခါးကိုဖွင့်ကာဝင်သွားသည်။
အိပ်ယာလေးထဲ ကွေးကွေးလေးအိပ်ပျော်နေသေးသည့် သူ။အကြာကြီးအိပ်နေရင် ခေါင်းကိုက်နေတော့မှာပဲ။
ကျနော့်ရင်ခွင်ထဲ တစ်ညလုံးငိုရင်း အိပ်ပျော်သွားခဲ့တယ်။
ဆံနွယ်လေးတွေကိုထိကိုင်ကာ...
" Jungkook ထတော့..."
တုပ်တုပ်ပင်မလှုပ်သေး။ဖြူစင်နေရဲ့နဲ့ ဘာလို့ ရူးမိုက်ခဲ့ရတာလဲ။မင်းကိုငါ အရမ်းချစ်ခဲ့တာလေ။
ငါဘာတွေများ အမှားလုပ်ခဲ့မိလို့ အပြင်မှာ ဖောက်ပြန်ရတာလဲကွာ။Taehyung မျက်နှာထားခပ်တည်တည်ပင် Jungkook ခြုံထားသည့် စောင်ကို ဆွဲဖယ်လေသည်။
" ထတော့...ဘယ်အချိန်ထိအိပ်နေမှာလဲ..."
" အွန်း..."
ထသွားကာပြတင်းပေါက်လိုက်ကာကိုလည်း ဆွဲဖွင့်လေသည်။
" ဦးငယ်...အရင်နိုးနေတာလား..."
" အင်း..."
ကုတင်ပေါ် မျက်လုံးလေးပွတ်ကာ ထိုင်လေသည်။
ဆံနွယ်တွေလည်း အနည်းငယ်ပွယောင်းယောင်းဖြစ်နေသည်။သူ့ကိုတစ်ချက်ကြည့်ကာ...
" ငါ့အခန်းထဲကနေ အမြန်ထွက်သွားတော့...
မင်းငါ့အခန်းထဲ အချိန်အကြာကြီး ရှိနေတာမကြိုက်ဘူး..."" မောင်တောင်းပန်ပါတယ်...အခုထွက်သွားပါမယ်နော်..."
" သွား..."
![](https://img.wattpad.com/cover/314266140-288-k477209.jpg)
BINABASA MO ANG
ဦးငယ်~(Completed)