Episode 1

260 11 0
                                    

Episode - 1 ( Let's meet again...)

Phoenix Clubဟူသည် မြို့တော်၏ အကြီးဆုံးClubများထဲတွင် တစ်ခုအပါအ၀င်ဖြစ်သည်။

ထိုClubတွင် ‌ယောကျာ်းလေး မိန်းကလေးများသာမက LGBTအသိုင်းအဝိုင်းမှလူများပင်လျှင် စည်ကားလှပစွာ တည်ရှိနေတတ်သေးသည်။ တစ်ချို့ဆိုလျှင် ၀တ်စားထားသည်မှာ မိန်းကလေးနှင့်ပင် မှားရက်လောက်သည်အထိ လှပသူလေးများလည်းရှိကြသလို ယောကျာ်းသားများနှင့်ပင် ယှဉ်နိုင်သော ခန့်ညားသည့်သူများလည်း ရှိကြသည်။ထို့ကြောင့် ထိုClubသည် Sexual Orientationနဲ့ ပတ်သတ်ပြီး Sensitive ရှိသူများ လာရောက်ရန် ကန့်သတ်ထားသည့်အတွက် LGBTတော်တော်များများ၏ စံပျော်ရာလဲဖြစ်ပေသည်။

ထိုclubထဲမှ ဝိုင်းတစ်ခုတွင်

"Cheers!! ငါ့ကောင်တို့"

"Cheers!"
လူတစ်ယောက်၏အသံအဆုံးတွင် နောက်ထပ် လူ၂ယောက်အသံက သံပြိုင်ထွက်လာသည်။

"ကဲ ဂုဏ်ရှိန် မင်းမလဲနော် ရေမြေခြားထဲက ငါတို့ကို ဆက်ဆံရေးကျဲသွားလိုက်တာ ခုနှစ်,နှစ်ကြာ ပြန်လာမှပဲ သေချာပြန်တွေ့ရတော့တယ်"

"ဆက်ဆံရေးကျဲတာ မဟုတ်ပါဘူးကွာ ငါကျောင်းတစ်ဖက်နဲ့ ဟိုကငါ့ ဦး‌လေးCompanyကိုလဲ လေ့လာရသေးတော့ မအားလို့ပါကွာ"

"မင်းပြောတော့လဲ မင်းစကားပေါ့ကွာ ဟိုမှာ စကီလေးတွေနဲ့သာယာနေတာမလား"

"သာယာတယ်လဲ မဟုတ်ပါဘူး ဒီတိုင်း သူတို့လဲအဆင်ပြေ ငါလဲအပျင်းပြေအောင် နှစ်ဦးသဘောတူ တွဲသွားတွဲလာလောက်ပါပဲ ဘာလဲမှ လွန်လွန်ကြူးကြူးမှမဖြစ်တာ"

"Oh My God! နံနံခြားမှာ နေပြီး ဒီလိုဥပုသ်စောင့်တဲ့ကောင် ရှိသေးတာလားကွာ"

"ဥပုသ်စောင့်တယ်ရယ်လဲ မဟုတ်ပါဘူးကွာ တကယ်မချစ်ပဲနဲ့လဲ အဲ့စိတ်သပ်သပ်နဲ့ အိပ်ယာပေါ်မရောက်ချင်ဘူး"

"ဒါဆိုမင်းကခုထိ လူပျိုလေးပဲ ရှိသေးတာပေါ့ ဟုတ်လား ဟားဟားး"

ပြောကာရယ်နေသော ရန်ခကို ဘာမှပြန်မပြောပဲ ခေါင်းသာခါလိုက်မိသည်။ လူတိုင်းကကိုယ့်စိတ် ကိုယ့်သဘောနဲ့ကိုယ်ပဲဟာ ဘယ်မှာနေလို့ ဘယ်လိုဖြစ်ရမယ် ဆိုပြီးမှရှိမနေပဲ။

CHONE : My HeatherWhere stories live. Discover now