Episode 1

1K 59 10
                                    

ခပ်စစတူးဆွထားသည့် မြေတွင်းလေးထဲ ပျိုးပင်လေးထည့်ကာ
မြေပြန်ဖို့ပြီးသည်နှင့် ဘတ်ဟျွန်းရဲ့ညနေခင်းလုပ်ငန်းစဉ်လေး
အပြီးသတ်သွား၏။

တစ်နေ့ကုန်ထိုင်ပြီး အလုပ်လုပ်ခဲ့ရသည်မို့ညောင်း‌ညာနေသည့်
ကျောပြင်နှင့်ခါးကြောင့် ကိုယ်ကိုယ် ဘယ်ညာစောင်းငဲ့ပြီး
အညောင်းဖြေတော့ ကျောရိုးကြားထဲက
တဂျွတ်ဂျွတ်အသံကိုပင် ကြားရသည်အထိ။

စိုက်ခင်းတန်းညီညီလေးအားကြည့်ကာ
နှုတ်ခမ်းသားတို့ကွေးညွှတ်နေအောင်ပြုံးမိသည်။
ပြီးဆုံးသွားသည့်အလုပ်တိုင်းဟာ
သူ့ကို စိတ်ကျေနပ်စေသည်။

"ဘတ်ဟျွန်းနီ. . ."

ညနေစောင်းပြီဖြစ်လို့ ခြံဝကို ရောက်လာသည့်
အဖွားက လက်ထဲတွင် ညစာအတွက် ချိုင့်လေးတစ်ခုပါ
ဆွဲလာသည်။

"အဖွား အဲ့မှာပဲနေ"

စိုက်ခင်းထဲရှိမြေက ရေရဲ့အစိုဓာတ်ကြောင့်
အိနေသည့်အတွက် အဖွားလျှောက်လာရင်
လျှော်လဲမည်ကိုစိုးရိမ်သဖြင့်
ဘတ်ဟျွန်းကိုယ်တိုင် ခြံဝနားကို လျှောက်လာခဲ့သည်။

"ညစာ ဘာဟင်းတုန်း အဖွားရဲ့"

ခပ်ရွှင်ရွှင်အမေးစကားကြောင့်
အားရပါးရအော်ပြောလာသည့်အဖွား။

"ပိတ်စွယ်လေးကို မြေးအကြိုက်
ငရုတ်သီးလေးထည့်ပြီး အရည်ကျန်လေးဖြစ်အောင်
ကြော်ပေးထားတယ်

မနက်က မြေးလာပို့ထားတဲ့ ဂုံးကောင်လေးကို
ဟင်းရည်ချက်ထားတယ်"

"အား ဘတ်ဟျွန်းနီရဲ့ ဗိုက်တော့ ခွေးနမ်းတော့မှာပဲ"

"ကဲကဲ ရော့ ယူတော့
စားခါနီးကျ ဟင်းရည်လေးကိုပြန်နွှေးဦးနော်
ပိတ်စွယ်ကြော်ကိုလည်း အိုးပူလေးပြန်ပေးဦး"

"ဟုတ်ကဲ့ပါ အဖွား"

ထမင်းပူဟင်းပူသာစားစေချင်သည့်အဖွားက
ဟင်းတွေအေးသွားသည်ရှိသော် ပြန်နွှေးဖို့အထပ်ထပ်
အခါခါမှာရင်း မြေလမ်းလေးပေါ် ခပ်ဖြေးဖြေးလျှောက်ကာ
အိမ်ပြန်သွားလေပြီ။

လေးထောင့်ကွက်လေးတွေစီတန်းနေသည့်
စိုက်ခင်းမြေကွက်များ၏ဘေးတွင်တော့
ခပ်သေးသေး အိမ်အိုလေးတစ်ခုနှင့်
‌ချိုးရေကန်လေးတစ်ကန်ရှိ‌သည်။

H O M E [ *Completed* ]Where stories live. Discover now