Episode 8

286 48 8
                                    

၂၀၀၇ခုနှစ်။

"ကိုကို ... "

နုထွေးတဲ့ နှုတ်ခမ်းသေးသေးလေးတွေ
မဲ့ကျနေတော့ ငယ်ငယ် ဝမ်းနည်းနေသလားလို့
ချန်းယောလ် အထူးတလှယ် မေးစရာမလို။

"ပြောလေ ငယ်ငယ်"

"ငယ်ငယ်လည်း သူများတွေလို
စာသင်ချင်တယ်"

ဂေဟာတစ်ခုလုံး မိဘမဲ့ချင်းတူတာတောင်
စာသင်ခွင့်အပြည့်အဝရှိပေမယ့်
ဘတ်ဟျွန်းကိုတော့ ကျန်းမာရေးမကောင်းလို့ဆိုတဲ့
ပညတ်ချက်နဲ့ ဂေဟာမှူးက
စာသင်ကြားဖို့ကို နားခိုင်းထားတာဖြစ်ကြောင်း
ချန်းယောလ် သိထားရတယ်။

ဒီလိုမျက်နှာလေးနဲ့ ဒီလို အသံလေးကြားတိုင်း
ချန်းယောလ် ရင်တွေ တစ်ဆစ်ဆစ်နဲ့နာလိုက်ရတာလေ။

ဝဲတက်လာတဲ့ မျက်ရည်တွေကို
ငယ်ငယ်မမြင်ခင်
လက်ခုံနဲ့ ခပ်မြန်မြန် ဖယ်သုတ်လိုက်တယ်။

"သင်ရမှာပေါ့ ငယ်ငယ်က
ညဏ်ကောင်းတာပဲဟာ
ငယ်ငယ်လည်း ကျောင်းတက်ရမယ်နော်"

"တကယ်လား...တကယ်ပြောတာလား
ဂေဟာမှူးက ငယ်ငယ့်ကို
စာသင်လို့မရဘူးလို့ပြောတယ်"

"ဘာလို့ မရ ရမှာလဲ
ငယ်ငယ်လည်း သူများတွေလို
စာသင်နိုင်စေရမယ်"

ထို‌ေန့မှာ ဂေဟာမှူးနဲ့ ချန်းယောလ်
အကြီးအကျယ် စကားများခဲ့ကြတယ်။
ချန်းယောလ်အတွက်
အကြောင်းအရင်းကတော့
ကျန်းမာရေးမကောင်းပေမယ့်လည်း
သူများတွေလို ငယ်ငယ်လည်း
စာသင်ခွင့် ရှိကြောင်းပါပဲ။

ဂေဟာမှူးက သိပ်ပြီး မခွင့်ပြုချင်ခဲ့ပါ။
ဘတ်ဟျွန်းရဲ့ ပညာသင်စရိတ်ကုန်ကျမှု
အားလုံးကို ချန်းယောလ်က တာဝန်ယူမယ်ဆိုတဲ့
စကားကို ပြတ်ပြတ်သားသားဆိုမှသာ
ဂေဟာမှူးကခွင့်ပြုခဲ့တာ ဖြစ်တယ်။

ဂေဟာဆိုတာ ဟန်ပြသပ်သပ်သာဖြစ်တယ်။
ဒီဂေဟာရဲ့ အပုပ်အပွ အားလုံးကိုတော့
ချန်းယောလ် ရောက်လာတဲ့ တစ်နှစ်အတွင်းမှာ
မြင်တွေ့ထားရပြီဖြစ်လို့

ပြတ်သားတဲ့ ချန်းယောလ်ရဲ့အကျင့်ကိုလည်း
ဂေဟာမှူးလည်း သိပြီးသားဖြစ်မှာပါလို့
နည်းနည်း ခြိမ်းခြောက်စကားလေး ဆိုခဲ့ရသေးတာပေါ့။

H O M E [ *Completed* ]Where stories live. Discover now