Episode 15

249 39 8
                                    

အိမ်ရှေ့က မီးလည်းဖွင့်ထားတယ်။
အခန်းမီးလည်း မပိတ်ထားဘူး။
ကိုကို အိမ်ပြန်လာရင် မှောင်နေမှာ စိုးလို့။

အပြင်မှာ စောင့်နေရတာ အေးလာလို့
အိမ်ထဲ ဝင်ပြီး စောင့်နေရင်းပဲ
သည်းမခံနိုင်တော့တဲ့အဆုံး
ဘတ်ဟျွန်း တစ်ယောက်
ခွေခေါက်ပြီး အိပ်ပျော်သွားတယ်။

အေးစက်စက် ကြမ်းခင်းပေါ်မှာ
ကိုကို့ကို စောင့်ရင်း အိပ်ပျော်သွားတာ
ဘယ်နှညမှန်းတောင် မသိတော့ပါဘူး။

မိုးလင်းရင်တော့
စောင်ထူထူနဲ့ ဘတ်ဟျွန်း တစ်ကိုယ်လုံးကို
ထွေးပိုက်ခံထားရလို့ နွေး‌နွေးထွေးထွေးပဲ
အိပ်ရာက နိုးလာတယ်။

မီးဖိုခန်းထဲမှာ အသံတိတ် ချက်ပြုတ်နေတဲ့
ကိုကို့ ကျောပြင်ကျယ်ကျယ်ကို မြင်ရတယ်။
အိပ်နေရာက ထပြီး ဘတ်ဟျွန်း
မျက်ခွံတွေကို လက်ခုံနဲ့ တစ်ချက် နှစ်ချက်လောက်
ပွတ်ပြီး မီးဖိုခန်းထဲကို ဒုတိယအကြိမ်ပြန်ကြည့်တယ်။

ကိုကို အိမ်ပြန်လာသားပဲ. . .။
ဘတ်ဟျွန်းအတွက် မနက်စာတောင်
ပြင်ပေးနေပြီပဲ. . .။

"ဪ ငယ်ငယ် နိုးပြီလား"

လှည့်ကြည့်လာတဲ့ ကိုကိုက
ပါးချို့င်ကြီးပေါ်အောင် ပြုံးပြရင်း
ဘတ်ဟျွန်းရဲ့ မနက်ခင်းကို စတင်စေတယ်။

"ကိုကို ညကလည်း နောက်ကျလိုက်တာ"

"အင်း  မိုးချုပ်တော့ ရထားစောင့်ရတာ ကြာသွားလို့"

တိတ်တိတ် ဆိတ်ဆိတ်ပဲ ။
ချန်းယောလ်က မနက်စာကိုသာ
ချက်ပြုတ်နေတယ်။

"ထတော့လေ. . .ငယ်ငယ်ရဲ့"

"အွန်း....... ခဏလေး အေးလို့"

လက်တွေကို အစွမ်းကုန် ဆန့်ထုတ်ပြီး
ဘတ်ဟျွန်းက ကြောင်လေးလို
အပျင်းကြော ဆန့်ပြီး စောင်ထဲ
ပြန်ခွေဝင်ဖို့ လုပ်တယ်။

မီးဖိုခန်းထဲက ချန်းယောလ်ဆီက
"ငပျင်းလေး"လို့ ဆူပူသံလေးကြားရတော့
ဘတ်ဟျွန်းရဲ့ မျက်နှာပေါ်မှာ မနက်စောစော
ပန်းတွေ ပွင့်လာတယ်။

မနက်တိုင်း ဒီလို အိပ်ရာထရတာ
ဘယ်လောက်ကောင်းလိုက်သလဲ. . .။
အခန်းကျဉ်းကျဉ်းလေးထဲမှာ
ထပ်ပြီး ကိုကိုနဲ့ ဘတ်ဟျွန်း နှစ်ယောက်တည်းလေ။

H O M E [ *Completed* ]Where stories live. Discover now