Episode 6

307 48 4
                                    

၂၀၀၆ ခုနှစ်၊ မေလ။

အသက်ဟာ ၁၅နှစ်ထဲရှိလာပြီဖြစ်ပေမယ့်
၇နှစ်သားတစ်ယောက်ရဲ့ အသိညဏ်ထပ်ပိုပြီး
မတိုးတက်လာခဲ့တဲ့ ဘတ်ဟျွန်းအတွက်
ဂျုံဝန်ဂေဟာမှာ နေထိုင်ရတာဟာ
အရမ်းကို ခက်ခဲခဲ့ပါတယ်။

ရွယ်တူဖြစ်တဲ့ ကလေးတွေက
ဘတ်ဟျွန်းကိုဆို အမြဲရှောင်တယ်။
ဘတ်ဟျွန်းထက် ငယ်တဲ့ကလေးတွေကျတော့လည်း
သူ့ကိုမြင်ရင် ခဲနဲ့ပေါက်မယ်။
သူ့အင်္ကျီအဝါရောင်လေးကို
ပေတူးသွားအောင် လုပ်ကြမယ်။
ဒီလိုနဲ့ ကျဉ်းမြောင်းတဲ့ ဂေဟာဝန်းထဲမှာ
ဘတ်ဟျွန်းအတွက် လုံခြုံတဲ့နေရာဟာ
ရှာရခက်တယ်။

ကြောက်စရာကောင်းတဲ့ တစ်ချို့ပန်းတွေကြောင့်
ဘတ်ဟျွန်းအတွက် လုံခြုံမယ့် ပုန်းစရာနေရာလေး
လိုချင်တာက အများကြီးညဏ်မကောင်းတဲ့
သူ့အတွက် အကြီးမားဆုံးဆန္ဒလေးပါပဲ။

၂၀၀၆ခုနှစ်ရဲ့ မေလလယ်မှာ
ဘတ်ဟျွန်းအတွက် လုံခြုံတဲ့ ပုန်းစရာနေရာလေးရှာတွေ့ခဲ့တယ်။

အဲ့တာကတော့ မီးဖိုဆောင် နောက်ဖက်မှာရှိတဲ့
ဂိုထောင် သေးသေးလေးပဲ။
ဘတ်ဟျွန်းတို့ အိပ်ဆောင်တွေနဲ့ရော
စာသင်ဆောင်နဲ့ပါ ‌ခပ်လှမ်းလှမ်းဖြစ်နေတာမို့
ကလေး အများစုကတော့ ဂိုထောင်လေးဖက်ကို
မလာကြဘူး။

အဲ့ ဂိုထောင်ထဲမှာ ကလေးတွေအတွက် စာသင်ခုံ
အဟောင်းလေးတွေကို ပြုပြင်တဲ့အလုပ်ရယ်။

ခုံတွေကို ဆေးသုတ်တဲ့ အလုပ်ရယ်။

ပြီးတော့  ခုံ အသစ်လေးတွေ ရိုက်တဲ့ အလုပ်ရယ်နဲ့
ဂိုထောင်သေးသေးလေး‌ထဲမှာ
သစ်ဖြတ်သံ၊ လွှသံနဲ့ တူရိုက်သံတွေက
အမြဲ တအုန်းအုန်းနဲ့ ဆူညံနေတတ်တယ်။

ခါတိုင်းလိုပါပဲ။
ထမင်းစားနေတုန်း ဘတ်ဟျွန်း အရမ်းကြိုက်တဲ့
ကြက်ဥကြော်ကို ယောင်ဂျင်းက လုစားသွားလို့
ဘတ်ဟျွန်း စိတ်ညစ်ပြီး မီးဖိုဆောင် နောက်ကို
ပြေးလာခဲ့တယ်။

ဝက်ဝံရုပ်ပံုလေးတွေပါတဲ့ မိုးပြာရောင်
ချည်ဘောင်းဘီရှည်လေးနဲ့
ဘတ်ဟျွန်း သိပ်ကြိုက်တဲ့ ပိုကီမွန်ရုပ်ပါတဲ့
ရှပ်အင်္ကျီအဝါရောင်လေးကို ဝတ်ထားတယ်။

H O M E [ *Completed* ]Where stories live. Discover now