Episode 16

256 45 4
                                    

၂၀၁၀၊ ဇန်နဝါရီ ၃ရက်။

"ငယ်ငယ်. . . ဒီနေ့ အေးလို့
အိမ်မှာပဲနေခဲ့နော်"

ပုံမှန်အတိုင်းပဲ ငယ်ငယ့်အတွက် မနက်စာပြင်ပေးပြီးပြီ။
ရေနွေးကြိုပြီး ဓာတ်ဘူးထဲ ထည့်ပေးပြီးပြီ။
သွားတိုက်တံပေါ်မှာ သွားတိုက်ဆေးလည်း ထည့်ပေးပြီးပြီ။

ချန်းယောလ်ရဲ့ ရိုးမြေကျမနက်ခင်းအလုပ်တွေအားလုံးဟာ
ငယ်ငယ့်အတွက်ပဲ စတင်ပြီး ၊ ငယ်ငယ့်ကြောင့်ပဲ
ဆက်ပြီး ပြုလုပ်နေစေတာ။

ကလေးငယ်ငယ်ကတော့ စောင်ထုပ်ထဲမှာ
လုံးကျစ်နေအောင် ဝင်ပြီး ပြန်အိပ်နေပြီ။

အရင်ကထက်လည်းပိုပြီး အစားတွေစားလာတယ်။
အိပ်ရေးကလည်းမက်ပါ့။
အရှေ့အိမ်က အဖွားဆီက ချည်ထိုးတာ စသင်ပြီ
ဆိုကတည်းက တစ်နေ့ တစ်နေ့ အိမ်ထဲမှာ
ဘယ်ထောင့်ကပ်လိုက် ညာထောင့်ကပ်လိုက်နဲ့
ချည်ထိုးခြင်းအမှုကိုသာအပတ်တကုတ်ကြိုးစားနေတော့တာ။

စားလိုက် ၊အိပ်လိုက်၊ ထိုင်ရာကနေ မထပဲ
ချည်ထိုးလိုက်နဲ့ ဒီလတွေထဲမှာ ဘတ်ဟျွန်းရဲ့
ကိုယ်အလေးချိန်က
၁၀ပေါင်လောက်တက်လာတယ်။

ပေါင်ချိန်စက်ပေါ် ငုတ်တုတ်ထိုင်ပြီး
ငို‌ခဲ့တဲ့ နေ့က ဘတ်ဟျွန်းကို ချော့ဖို့
စတော်ဘယ်ရီရေခဲမုန့် သုံးခွက်ကို
ညကြီးမိုးချုပ် ချန်းယောလ်မှာ ပြေးဝယ်ရသေးတယ်။

ပြီးခဲ့တဲ့နှစ်က ခရစ်စမတ်နေ့မှာ
ငယ်ငယ်က ချန်းယောလ်အတွက်
အညိုရောင်မာဖလာလေး လက်ဆောင်ပေးတယ်။
ပထမဆုံးမို့ မသေမသပ် လက်ရာလေးနဲ့
ချည်တွေကလည်း ကျဲလိုက် စိပ်လိုက်ပါပဲ။
ဒါပေမယ့်လည်း ချန်းယောလ်ကတော့
နှစ်ခြိုက်လွန်းလို့ လျှော်ဖို့ မေ့တဲ့အထိ
နေ့တိုင်း အဲ့မာဖလာလေးကို
အပြင်သွားတိုင်းပတ်ဖြစ်တယ်။

ညာဖက်ခေါင်းရင်းထောင့်မှာရှိတဲ့
ဘတ်ဟျွန်းရဲ့ စာအုပ်စင်လေးပေါ်မှာ
စာအုပ်လေးတွေ တဖြေးဖြေးများလာတယ်။
ဟင်းချက်နည်းစာအုပ်တွေ၊ အိမ်တွင်းမှုလက်မှုပညာစာအုပ်တွေ၊ ဒီဇိုင်းစာအုပ်တွေ၊ ရုပ်ပြစာအုပ်တွေ နဲ့ ကဗျာစာအုပ်တွေရော. . . အမျိုးအစားကိုစုံလို့ပါပဲ။
စာအုပ်ဆိုတာက လူကို ကောင်းကျိုးပဲပေးစေတဲ့အရာမို့
ချန်းယောလ်က ဘတ်ဟျွန်းစာအုပ်ဖတ်တာကို
မပိတ်ပင်ဘူး။ ကျောင်းမတက်ရပဲ အရွယ်ရောက်တဲ့
ဆယ်ကျော်သက်လေးဖြစ်နေပေမယ့်
စာဖတ်တတ်တဲ့ အကျင့်ကောင်းလေးကြောင့်
ဘတ်ဟျွန်းက အတော်လေး သိတတ်လိမ်မာတဲ့
ကလေးတစ်ယောက်အနေနဲ့ အရွယ်ရောက်လာခဲ့တယ်။

H O M E [ *Completed* ]Where stories live. Discover now