Episode 11

261 46 6
                                    

၁၈နှစ်မြောက် ရှင်သန်ရတဲ့နေ့ရက်မှာ။
မင်းရဲ့ စိတ်လေး အေးပါစေ။
မင်းရဲ့ ကိုယ်လေး နွေးပါစေ။
ကိုယ်တို့ အိမ်လေး လုံခြုံပါစေ။

၂၀၀၉၊ မေလ။

ဆိုဟွာရပ်ကွက်ထဲမှာ ပရိဘောဂဆိုင်လေးဖွင့်တယ်။
ဆိုင်နာမည် ဆိုင်းဘုတ်ဟာ ဘာစာလုံးမှ မပါတဲ့
အဝါရောင် သစ်သားပြားလေးသာ ဖြစ်တယ်။

ပြီးတော့ အဝါရောင်ဆေးသုတ်ထားတဲ့
နာမည်မပါတဲ့ ဆိုင်းဘုတ် ကို ဘတ်ဟျွန်းကိုယ်တိုင်
လုပ်ပေးထားတာ။

ဆိုင်လေးထဲမှာ သစ်သားအရုပ်
ကွိစိကွစလေးတွေကစလို့
ကျွန်းသားနဲ့လုပ်တဲ့
ဆော့ကုလားထိုင်လေးတွေအဆုံး အားလုံးရှိတယ်။

တစ်ခါတစ်လေ အမှာရရင်
စားပွဲနဲ့ ထိုင်ခုံ ခပ်ကြီးကြီးတွေလည်း လုပ်တယ်။

ပုံမှန်ရက်တွေမှာတော့ ချန်းယောလ်ရဲ့
ပရိဘောဂဆိုင်လေးရဲ့ တစ်ဦးတည်းသော
အမှာတော်လေးက ဘတ်ဟျွန်းပဲဖြစ်တယ်။

အရုပ်လေးတွေ ထွင်းခိုင်းတယ်။
အိမ်သေးသေးလေးတွေ၊ ကားသေးသေးလေးတွေ
သစ်သားဇွန်းနဲ့ သစ်သားတူလေးတွေ။
တစ်ရက် တစ်ရက် သူလုပ်ချင်တဲ့ ပစ္စည်းတွေ
အဆုံးမဲ့တယ်။
ချန်းယောလ်ကတော့ အကုန်ရအောင် လုပ်ပေးတယ်။

ပြီးရင်တော့ ဆိုင်ရှေ့က မှန်ပေါင်းချောင်လေးထဲမှာ
ဘတ်ဟျွန်းရဲ့ အမှာပစ္စည်းလေးတွေကို တန်းစီပြီး
တင်ထားတယ်။

သိပ်မကြာခင် ရက်အတွင်း
မှန်ပေါင်းချောင်ထဲက ပစ္စည်းလေးတွေ
ရောင်းကုန်ပါတယ်။

လမ်းသွားလမ်းလာတွေ ၊အထူးသဖြင့်
ကျောင်းသူလေးတွေ အများစုက
ဘတ်ဟျွန်းရဲ့ ဒီဇိုင်းနဲ့
ချန်းယောလ်ရဲ့ လက်ရာပေါင်းထားတဲ့
သစ်သားရုပ်လေးတွေကို
အရမ်းသဘောကျကြတာမို့။

တစ်ချိူ့ရက်တွေမှာ ဆိုင်ဖွင့်ချိန်ကစလို့
ဆိုင်ပိတ်ချိန်အထိ
ဘတ်ဟျွန်းက ဆိုင်ရှေ့က ပစ္စည်းထည့်တဲ့
မှန်ပေါင်းချောင်လေး ဘေးနားမှာ ထိုင်ပြီး
‌နေတယ်။ ထိုင်နေတဲ့ ဘတ်ဟျွန်းရဲ့ဘေးမှာ
ရေဒီယိုလေး တစ်လုံးရှိတယ်။
၂၀၀၉ ခုနှစ်ရဲ့ ခေတ်ကိုဦးဆောင်တဲ့သီချင်းသံတွေက
ချန်းယောလ်ရဲ့ အဝါရောင်သစ်သားပြားဆိုင်းဘုတ်နဲ့
ပရိဘောဂဆိုင်ကျဉ်းကျဉ်းလေးထဲ လွှမ်းခြုံတယ်။

H O M E [ *Completed* ]Where stories live. Discover now