Episode 19

275 32 0
                                    

ဒုက္ခတွေကို သီကျူးမိတဲ့ သီချင်းသံမှာ
ချစ်ရတဲ့ လူ ငိုကြွေးနေကြောင်း
အတိအလင်းပါသတဲ့. . .။

၂၀၁၃၊ ဩဂုတ် ၂၃။

"ဟယ်လို. . ."

ဖုန်းထဲက တစ်ဆင့် ကြားလိုက်ရတဲ့
အသံငြိမ်ငြိမ်လေးမှာ ချိုသာမှုတွေ အပြည့်ပါတယ်။

"ငယ်ငယ်. . . နေ့လည်စာစားပြီးပြီလား"

"စားပြီးပြီ ခုပဲ ဆိုင်ကို လာခဲ့တော့မို့
ပြင်နေပြီ ကိုကိုရဲ့"

"အင်း ကိုကိုစောင့်နေမယ်နော်"

" ဟုတ် ငယ်ငယ် အမြန်လာခဲ့မယ်"

စကားလုံးတွေပြောင်းလဲသွားတာမျိုး
ထူးထူးခြားခြားမရှိခဲ့။
ချန်းယောလ်နဲ့ ဘတ်ဟျွန်းတို့နှစ်‌ေယာက်ရဲ့
နေ့စဉ်ဘဝလေးတွေက
အရင်လို ချိုမြိန်စွာ လည်ပတ်နေတုန်းပဲ။

ဒီနေ့အတွက် မိုးလေဝသခန့်မှန်းချက်သတင်းက
နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်သည်။

ဆိုင်ရှေ့ရောက်တာနဲ့ မြင်လိုက်ရတဲ့
မြင်ကွင်းက ဘတ်ဟျွန်းရဲ့ ဦးနှောက်ကို
ထုံအသွားစေတယ်။

"ကိုကို!"

ဘယ်ကမှန်းမသိတဲ့ ဦးလေးကြီးတွေရဲ့
လက်ထဲမှာ ချန်းယောလ်ရဲ့ ပုံစံက ကြိုးပျက်နေတဲ့အရုပ်လိုမျိုး။

"ဦး...ဦးလေးကြီး ကိုကို့ကို ဘာလို့
လက်ထိပ်တွေခတ်ထားကြတာလဲ. . ."

အကြည့်တွေကို မြေကြီးကနေ မလွှဲပဲ
ကြောင်တောင်တောင်လုပ်နေတဲ့
ချန်းယောလ်ရဲ့ပုံစံက ဘတ်ဟျွန်းကို
ပိုလို့ ရူးစေတယ်။

"ကိုကို....ကိုကို တစ်ခုခုပြောပါဦး
ကိုကို ဘာမှ မလုပ်ထားပဲ ဘာလို့
ဒီလိုကြီး ငြိမ်နေရတာလဲ ကိုကို!
ငယ်ငယ့်ကို တစ်ခုခုပြောပါဦး"

ချန်းယောလ်ရဲ့ မျက်နှာကို ဆွဲမော့ပြီး
ဘတ်ဟျွန်း အော်ဟစ်ပြောလိုက်မိတယ်။

ကိုကိုက ဘာလို့ ဒီလို ဖြစ်ရမှာလဲ။

"ကိုကို တောင်းပန်ပါတယ်...ငယ်ငယ်"

မိုးရိပ်တွေနဲ့ ညို့မှိုင်းလာတဲ့
ပတ်ဝန်းကျင် တစ်ခုလုံးရော. . .။
မျက်ရည်တွေ ခသီ‌နေတဲ့
ဘတ်ဟျွန်းရဲ့ မျက်နှာငယ်ငယ်ကိုရော. . .။

H O M E [ *Completed* ]Where stories live. Discover now