Episode 18

243 42 5
                                    

ပန်းတွေပွင့်သလား၊ လိပ်ပြာတွေပျံကြသလား။
ကောင်းကင်မှာ ပန်းရောင်တိမ်တွေ
ချိတ်ဆွဲနေသလား။
ဪ...ချစ်မိပြန်တော့လည်း ရင်ထဲမှာ
အချိန်တိုင်းနွေဦးပါလား။

၂၀၁၂၊ နိုဝင်ဘာ။

မျက်စိရှေ့က မြင်ကွင်းဟာ
မြေပြန့်ကြီးတစ်ခင်းလုံးကို
အဖြူရောင်တွေဖုံးလွှမ်းထားတယ်။

နေဝင်ကာနီး လိမ္မော်နီရောင်သမ်းနေတဲ့
တိမ်မျှင်၊တိမ်စတစ်ချို့ ယှက်ပြေးနေတဲ့ ကောင်းကင်။

လေအဝေ့တိုင်း လွင့်ပါးယိမ်းကနေတဲ့
ပန်းဖြူဖြူတွေ ပြီးတော့ ငယ်ငယ့်ရဲ့ ဆံသားနုနတွေ။

ကင်မရာလေးခလုတ်ကို တစ်ချက်ချက်နှိပ်နေတဲ့
ငယ်ငယ့်ရဲ့ ညာဖက်လက်ညိုးလေး။

"ကိုကို ဒီကိုကြည့်ပါ"

"!"

အနက်ရောင် Long Coat တစ်ထည်ရယ်။
ငယ်ငယ့်လက်ရာ အညိုရောင်မာဖလာလေးရယ်။
အဖြူရောင်ပန်းခင်းကြီးရယ်။
ပြီးတော့ ပြုံးနေတဲ့ ချန်းယောလ်ရဲ့မျက်နှာရယ်။

ပုံရိပ်ယောင်တစ်ခုကို ခပ်မြန်မြန်ဖမ်းဆုပ်ကိုင်ထားနိုင်တဲ့ အံ့ချီးဖွယ်ပစ္စည်းသေးသေးလေးကို
ငယ်ငယ်က သိပ်ကိုသဘောကျနေတယ်။

"ရော့ ကိုကို့ အလှည့်..."

ချန်းယောလ်ဆီ ပြေးလာတဲ့ အဖြူလုံးလေးက
လက်ထဲကို ကင်မရာ အတင်းထည့်ပေးလာတယ်။

ဒီလိုနဲ့ ချန်းယောလ်က ဘတ်ဟျွန်းရဲ့ ဓာတ်ပုံဆရာ လုပ်ရမယ့် အလှည့်ရောက်လာပါတယ်။

တစ်ချက်ချက်နဲ့ အဆက်မပြတ်နှိပ်နေတဲ့
ချန်းယောလ်ကြောင့်
အိုက်တင်မလုပ်ရသေးခင် ငယ်ငယ့်ရဲ့ ရုပ်ဆိုးဆိုးပုံစံလေးတွေရော၊ အိုက်တင်အပြည့်နဲ့ လူပျိုလုပ်နေတဲ့ ပုံရိပ်လေးတွေရော အကုန်လုံးက
ပုံရိပ်ဖမ်းတဲ့ကင်မရာလေးထဲ နေရာယူတယ်။

"ကိုကိုကလည်း ဓာတ်ပုံရိုက်တာညံ့လိုက်တာ
ပို့စ်မပေးသေးခင်မရိုက်နဲ့ဦးလေ
ဟွန်း... အများကြီးရိုက်ထားပြီး လှတဲ့ပုံကနည်းနည်းပဲပါတယ်"

"အဲ့တာကိုကိုနဲ့မဆိုင်ဘူး‌‌
ငယ်ငယ်က ရုပ်ဆိုး‌လို့နေမှာပေါ့"

H O M E [ *Completed* ]Where stories live. Discover now