Episode 9

299 49 4
                                    

ကွဲအက်သွားတာက
မျက်ခုံးရိုးလေးပဲဖြစ်ဖြစ်
နှလုံးသားတစ်ခုပဲဖြစ်ဖြစ်
နာကျင်ရတာကတော့ အတူတူပါပဲ။

ဆောင်းရာသီ တစ်ခုကို
ချန်းယောလ်နဲ့ ဘတ်ဟျွန်း
အတူတူထပ်ပြီး ဖြတ်သန်းပြီး။

၂၀၀၈ခုနှစ်ရဲ့ နွေရာသီဖြစ်တယ်။

သေးသွယ်ပျော့ပျောင်းနေတဲ့
လက်ချောင်းလေးတွေရဲ့
လက်သည်းခွံ ကြည်တောက်တောက်လေးတွေ
တစ်ခုချင်းစီက
အပတ်တိုင်း ချန်းယောလ်ကိုယ်တိုင် ညှပ်ပေးနေကျ။

နဖူးထိပ်တိနဲ့ အုန်းမုတ်ခွက် ဆံပင်လေးကလည်း
နွေရာသီမှာပူတယ်ဆိုလို့
ချန်းယောလ်ကိုယ်တိုင် ညှပ်ပေးထားတာပဲ။

အဲ့ ဆံပင်ညှပ်လိုက်တဲ့နေ့ကဆို
အမြဲတမ်း တအိအိနဲ့ပဲ ငိုတတ်တဲ့ဘတ်ဟျွန်းက
အာပြဲကြီးနဲ့ အော်ငိုတယ်။

"ကိုကို့ကို မုန်းတယ် ငယ်ငယ့်ကို
ရုပ်ဆိုးအောင်လုပ်တယ်"ဆိုပြီး
သစ်သားခုံလေးပေါ်မှာထိုင်ရင်း
အော်ဟစ်ပြီးတော့ကိုငိုတယ်။

ချန်းယောလ်ကတော့ သူညှပ်လိုက်တဲ့
အုန်းမုတ်ခွက်ကေနဲ့ ငိုယိုနေတဲ့
ငယ်ငယ့် မျက်နှာကိုကြည့်ပြီး
မြေကြီးကို လက်နဲ့ ပုတ်ပြီး
ပါးစပ်ကြီး တစ်ခုလုံး မြင်ရတဲ့အထိရယ်တယ်။

ထိုင်ခုံပေါ်မှာ ငိုနေတဲ့ကောင်လေးရဲ့
ညာဖက် မျက်ခုံးထောင့်မှာတော့
ပြီးခဲ့တဲ့ နှစ်က ဆောင်းရာသီကပေးလိုက်တဲ့
အမာရွတ်လေးတစ်ခုလည်း ရှိတယ်။

ချန်းယောလ်နဲ့ ဘတ်ဟျွန်းတို့နှစ်ယောက်ကြားမှာ
ရှိတဲ့ စည်းလေးနဲ့
သူတို့နှစ်ဦးကို ဝန်းရံထားတဲ့
ဆက်ဆံရေးဆိုတဲ့အလွှာပါးလေးက
ဆောင်းရာသီရဲ့နှင်းခဲတွေကို
ဖြိုခွင်းတဲ့နေမင်းလို။

နွေရာသီရဲ့ မနက်ခင်းနေခြည်လိုပဲ
နွေးထွေးတယ်။လှပတယ်။

ဒါကို ဂေဟာမှူးကတော့ သိပ်ပြီး
သဘောမကျချင်ပါ။

ချန်းယောလ်ကို ဂေဟာက ထွက်သွားဖို့
နေ့တိုင်းကို ပြောဆိုနေတော့တယ်။

//////////////////

"ကျွန်တော် ဘတ်ဟျွန်းကို မွေးစားမယ်
အဲ့လိုဆို ရမလား"

H O M E [ *Completed* ]Where stories live. Discover now