(Ending)

504 57 1
                                    


၂၀၁၃၊ အောက်တိုဘာ။

ဆိုးလ် ဗဟိုခရိုင်တရားရုံး။

"ကျိန်ဆိုပါတယ်
ကျွန်ုပ်ရဲ့ ပုံမှန်အသိစိတ်အတိုင်း
ဖုံးကွယ်ခြင်းမရှိပဲ. . . အမှန်တရားအတိုင်း
ပြောပါမည်
အကယ်၍ လိမ်ညာခြင်း တစ်စုံတစ်ရာရှိခဲ့ပါက
တရားခွင်စည်းမျဉ်းများအတိုင်း
အပြစ်ဒဏ်ခံယူပါမည်"

"သက်သေ ကိုယ့်ကိုယ်ကို
မိတ်ဆက်ပေးနိုင်မလားခင်ဗျာ"

"ဗြောင်ဘတ်ဟျွန်းပါ"

မိတ်ဆက်သံကြောင့်တရားခွင်အတွင်း
ဆူညံပွက်ထိုးသံတွေ ထွက်လာတယ်။

ဘတ်ဟျွန်းကတော့ ဆန့်ကျင်ဖက်
ထိုင်ခုံမှာ ‌ထိုင်နေတဲ့ တရားခံကိုသာ
မမှိုတ်မသုန် ကြည့်နေမိတယ်။

နည်းတူပဲ အသက်မပါတဲ့ မျက်ဝန်းသေတွေကလည်း
ဗြောင်ဘတ်ဟျွန်းဆီမှာသာလမ်းဆုံးနေတယ်။

"တရားသူကြီးမင်းခင်ဗျ
ယခုတင်သွင်းတဲ့ မျက်မြင်သက်သေဟာ
အခင်းဖြစ်ပွားမှု အချိန်မှာပါဝင်ခဲ့တဲ့
နစ်နာသူတစ်ဦးဖြစ်ပါတယ်"

အမှုစစ်ရဲ့ စတင်ပြောကြားခြင်းနဲ့အတူ
ယနေ့ တရားခွင်တစ်ခုလုံးတွင်
ရှိသမျှ ကြိုးထုံးအားလုံး
ပြေလျော့သွားခဲ့တယ်။

လူသတ်မှုကိုခိုင်း‌စေသူ။
လူသတ်ရန်ခိုင်းစေခံရသူ။

နစ်နာသူ၊ ကျူးလွန်သူ၊
မျှတတဲ့ တရားခွင်နဲ့
တရားခံအစစ်များအား ထောင်ဒဏ်ချမှတ်ခြင်း။

'အလုပ်ကြမ်းနှင့်ထောင်ဒဏ်
၇နှစ် ချမှတ်လိုက်သည်'

တရားသူကြီးရဲ့ ပြတ်သားရှင်းလင်းတဲ့
အသံကိုကြားပြီးနောက်
တစ်ဖန် ပြန်လည် ဆူညံလာတဲ့
တရားခွင်ဟာ ပဟေဠိဆန်စွာပြီးဆုံးသွားခဲ့ပြီး

နောက်ထပ်ဆက်ရှိလာမယ့်
တရားစွဲဆိုမှု အသစ်ကိုလည်း
တီးတိုးခန့်မှန်းပြောနေသံတွေ
ထွက်လာတယ်။

"သေဆုံးမှုထဲမှာ ကလေးပါ ပါသွားခဲ့တာဆိုပြီး
အဲ့ကလေးက~ မသေဘူးတဲ့လား
အမယ်လေး လောကကြီး "

"ဒါဆို ဒီလောက်နှစ်တွေအကြာကြီး
အသက်ရှင်နေသေးတဲ့ကလေးကို
ဖွက်ထားခဲ့တာလား
ဘာလို့လဲ"

H O M E [ *Completed* ]Where stories live. Discover now