၂၀၀၅ ခုနှစ် ၊ ဂျူလိုင်လ။
"ဂျုံဝန်"
အဓိပ္ပာယ်ဟာ ဥယျာဉ်တဲ့။မွေးဖွားပေးတဲ့လူမရှိတာလား။
မသိတာလား။ သိရက်နဲ့ စောင့်နေရတာလား။ဒီဥယျာဉ်ထဲမှာ
အလေ့ကျပေါက်တဲ့ပန်းလေးတွေရယ်။
တယုတယ ပျိုးထောင်ရတဲ့ ပန်းလေးတွေရယ်။အရောင် ရော အဆင်းရော မတူညီကြပေမယ့်
အားလုံးဟာ ပန်းပါပဲ။"ဂျုံဝန်ဂေဟာ"ဆိုတဲ့ ဆိုင်းဘုတ်ကြီးကြီးရဲ့နောက်ကခြံထဲမှာ အရောင်အဆင်းမတူ၊ အရွယ်အစားမတူတဲ့
ပန်းလေးတွေ ပျော်ပျော်ရွှင်ရွှင် ဆော့ကစားနေကြပေမယ့်။
အဖြူရောင် ပန်းလေးကတော့ နွမ်းလျော့လျော့နဲ့တစ်ယောက်ယောက်ကို စောင့်နေတာလား။
ပန်းဖြူလေးကို တယုတယထိန်းသိမ်းပေးမယ့်တစ်ယောက်ယောက်လေ။မတော်တဆမှုရဲ့ နောက်ဆက်တွဲဆိုးကျိုးမှာ
ကလေးငယ်တစ်ယောက် မိဘမဲ့ဖြစ်သွားရတယ်။
အဆိုးဆုံးဟာ မိဘမဲ့ ဖြစ်လို့ ဖြစ်မှန်းမသိခဲ့ရတဲ့
ဗြောင်မိသားစုရဲ့ တစ်ဦးတည်းသောသားလေးဖြစ်တယ်။မတော်တဆမှုကပြင်းထန်လွန်းတော့
ရုပ်ပိုင်းဆိုင်ရာတင်မကဘူး
စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုပါ ရသွားခဲ့တယ်။ဆေးကုသမှု သေချာမခံယူရပဲ။
ဂျုံဝန်ဂေဟာလို့ခေါ်တဲ့နေရာကို ရောက်လာခဲ့တယ်။ဘတ်ဟျွန်းကတော့ ဂေဟာအဝင်ပေါက်မှာ ငုတ်တုတ်ထိုင်ေနရင်း
နေရောင်ကျနေတဲ့ မြေကြီးပေါ်က
ကျောက်စရစ်ခဲဖြူဖြူတွေကို နေ့တိုင်းငေးနေတယ်။
သူဘယ်သူလဲ မသိဘူး။
ဘယ်သူမှန်းမသိတဲ့ ကလေးတွေနဲ့နေရတာ
ဘတ်ဟျွန်း မပျော်ဘူး။"!"
ဆော့နေတဲ့ ကလေးတွေထဲက တစ်ယောက်က
ဘတ်ဟျွန်းကို ခဲနဲ့လှမ်းပေါက်တယ်။ကျောပြင်သေးသေးလေးကို ကျောက်ခဲသေးသေးလေးလာမှန်တာ ဘတ်ဟျွန်းအတွက် အရမ်းမနာပါဘူး။
ဒီနေရာက ဥယျာဉ်လို့ပြောပေမယ့်
တကယ်တော့ ဘတ်ဟျွန်းအတွက် အရမ်းကြောက်စရာကောင်းပါတယ်။တစ်ချို့ပန်းလေးတွေက သူများကို
အနာတရဖြစ်စေမယ့် ဆူးတွေအပြည့်နဲ့လေ။
ဘတ်ဟျွန်းနောက်ကို လှည့်ကြည့်တော့
နောက်ထပ် ကျောက်စရစ်ခဲလေးက
ဘတ်ဟျွန်း မျက်နှာကို ထပ်မှန်တယ်။