သုံးနှစ်လောက်ပဲ ခွဲခဲ့ရတာတောင်
ဆိုးလ်မြို့ဟာ ချန်းယောလ်ထွက်ခွာလာတဲ့
နေ့တုန်းကထက် အများကြီး ပိုပြီး
တိုးတက်နေပြီ။ဆောက်လက်စ အဆောက်အအုံတွေနဲ့
မိုးမျော်တိုက် တစ်ချို့ကို ဘတ်ဟျွန်းက
ဇက်လန်တဲ့အထိကို မော့ကြည့်တယ်။
နမ့်ဆမ်းတာဝါကို လက်ညှိုးနဲ့ထိုးတယ်။
ပါဝါရိန်းဂျားကားထဲက
လူဆိုး စက်ရုပ်ကြီးလားလို့
ချန်းယောလ်ကိုမေးတယ်။ကြော်ငြာဆိုင်းဘုတ် ခပ်ကြီးကြီးတွေကို
ငေးတယ်။လှေကားထစ်တွေကို မော့ကြည့်ပြီး
ပြောတယ်။"အမြင့်ကြီးပဲ"
ချန်းယောလ် အထုတ်တွေကို ခဏချ
အမောဖြေပြီး ခပ်ဟဟရယ်လိုက်တယ်။
ဘတ်ဟျွန်းလက်ထဲမှာတော့
ချန်းယောလ်ပေးထားတဲ့
အဝါရောင် သစ်သားအိမ် သေးသေးလေးတစ်လုံးပဲပါတယ်။ဆိုဟွာရပ်ကွက်ဟာ လူနေ ထူထပ်တာကြောင့်
လမ်းကြိုလမ်းကြားမကျန် တိုက်ခန်းအဆောက်အအုံတွေနဲ့
ပြည့်ကျပ်နေတယ်။ချန်းယောလ် ငှားနေဖြစ်တဲ့ အိမ်လေးက
ဆိုဟွာရပ်ကွက်ရဲ့ အမြင့်ပိုင်းဖြစ်တယ်။
အိမ်လေးတွေ တစ်ခုနဲ့တစ်ခု ထပ်နေတယ်။
လှေကားထစ်တွေ တစ်ဆင့်ပြီးတစ်ဆင့်သွားရင်း
အမြင့်ဆုံးမှာ ဈေးသက်သာတဲ့
တိုက်ခန်းလေးတွေရှိတယ်။ထိုဈေးသက်သာတဲ့ တိုက်ခန်းလေးတွေထဲမှာ
ချန်းယောလ်ကလည်း တစ်ခန်းကို
ဘတ်ဟျွန်းနဲ့ အတူနေဖို့ ငှားခဲ့တယ်။"ဟိုး...ထိပ်မှာ တွေ့လား ငယ်ငယ်"
"ဟင် ဘာတွေ့တာလဲ ဘာကြီးလဲ
ဘာကြီးလဲ"ချန်းယောလ်နားကို
ပိုတိုးလာပြီး
လက်ညှိုးညွှန်ပြတဲ့နေရာကို
လှမ်းကြည့်တယ်။
သေးသေးကွေးကွေးလေးတွေကလွဲပြီး
ကျန်တာမမြင်ပါ။"အဝါရောင်အိမ်လေးလေ"
"ဟုတ်လား ဘယ်မှာလဲ ဘယ်မှာလဲ"
"ကိုကို လက်ညှိုးထိုးတဲ့နေရာကိုသေချာကြည့်ပါ"
တစ်ခါထပ်ပြီးပြတော့
ချန်းယောလ် ရင်ခွင်ထဲထိရောက်လာတယ်။
လက်ညှိုးထိုးပြထားတဲ့လက်ကိုကိုင်ပြီး
တည်နေရာကို သေချာကြည့်တော့မှ
ချန်းေယာလ်ေပြာတဲ့ေနရာကိုမြင်ရတယ်။