Unicode
Zawgyi
~~~~~~ဉာဏ် အလုပ်ပြီးသည်နှင့် အရင်ရက်တွေအတိုင်းအထူးကုသမှုခံယူနေသော
တူဖြစ်သူဆီ ခပ်သွက်သွက်သွားနေသည်။
ဉာဏ်အတွက် ဥက္ကာဟာ ဘာနဲ့မှမလဲနိုင်တဲ့ အဖိုးတန်လေးပါပဲ။ ကိုယ့်သွေးသားအရင်းကို စွန့်ပစ်ခဲ့တဲ့အစ်ကိုဖြစ်သူကိုလည်း ဉာဏ်အခုထိတင်းနေတုန်း။ဥက္ကာကိုစွန့်ပစ်ခဲ့သည့်ရက်ကတည်းက ဉာဏ် အစ်ကိုဖြစ်သူကိုအစ်ကိုအဖြစ်
မသတ်မှတ်တော့ပါ။ကိုယ်တိုင်က တရား
မဝင်လုပ်ငန်းတွေလုပ်ကိုင်ပေမယ့် ဝင်ငွေလိုချင်ရုံကလွဲ တခြားဘာမှမလိုချင်ခဲ့။
မလိုအပ်ဘဲနဲ့လည်းမရက်စက်တတ်။ဉာဏ် ဘဝမှာရက်စက်တတ်လာတာဟာ
ဥက္ကာကြောင့်ပါပဲ။ဒါတူဖြစ်သူအပေါ်ထားတဲ့မေတ္တာကြောင့်ပဲလား ။အစ်ကိုဖြစ်သူအပေါ် ပြတ်သားနိုင်ခဲ့သလို ဥက္ကာကိုထိဖို့ကြိုးစားသူမှန်သမျှအား အရှင်မထားဖို့လည်း ဓားသွားလိုအေးစက်သည့်လေသံနဲ့
သူအမိန့်ပေးတတ်လာသည်။"ကဲ ပုံဆွဲပြန်ပြီလား ''
အခန်းရဲ့မှန်ပြတင်းကျယ်ရှေ့
ပုံဆွဲကိရိယာအစုံနဲ့ထိုင်နေသည့် ဥက္ကာကို
ဉာဏ်ပြောလိုက်ခြင်း။ ထိုအခါ ဥက္ကာကသူ့
ဦးဖြစ်သူ ဉာဏ်ကိုမသိမသာပြုံးပြသည်။
ပုံဆွဲတာကိုတော့ ဥက္ကာငယ်ငယ်ကတည်းက တတ်မြောက်ခဲ့တာ။"ပြီးတော့မှာ''
ပုံကို ဥက္ကာပြန်ရောက်ပြီး တစ်ပတ်အကြာမှာစဆွဲခဲ့တာ။တစ်ရက်ကိုနည်းနည်းချင်းဆွဲခဲ့ရာ ၅ရက်အကြာမှာတော့အကုန်နီးပါးပြီးသွားခဲ့သည်။ ဉာဏ်က ဥက္ကာဆွဲထားသောပုံကို ခါးထောက်လျက်သားကြည့်ရင်း သက်ပြင်းချသည်။ဥက္ကာက ပုံထဲကလူကိုစွဲလမ်းနေတာ။ ဥက္ကာအခုလို
တစ်စုံတစ်ယောက်ကိုစွမ်းလမ်းတာ
ဉာဏ် ပထမဆုံးမြင်ဖူးတာပဲ။ပြီးတော့ အဲ့လူက မိန်းမပျိုလေးမဟုတ်ဘဲ
ယောကျ်ားဖြစ်နေတာ။ ဉာဏ်မူးချင်သွားသည်။ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။"ကျန်တာမမှတ်မိပေမယ့် အဲဲ့ဒီမျက်နှာကိုတော့ အလွတ်မှတ်မိနေတယ်ပေါ့''
ဉာဏ်က ပုံကိုမေးဆတ်ပြလျက်အရယ်တစ်ဝက်နှင့်မောသည်။ဥက္ကာကလည်းသူဆွဲထားတဲ့ပုံကိုကြည့်ရင်း ဦးဖြစ်သူနဲ့အတူ
ရယ်ချသည်။ပုံက မေးဖျားမှနဖူးစပ်အထိသာပါတဲ့လူမျက်နှာ။ ဆံပင်တို့ပါသည်အထိ ဥက္ကာသူ့ကိုမမှတ်မိခဲ့သော်ငြား သူ့မျက်နှာလေးကိုတော့အလိုလိုနေရင်းမြင်ယောင်တာကြောင့် ဥက္ကာ ပြည့်ပြည့်စုံစုံဆွဲနိုင်ခဲ့သည်။
YOU ARE READING
If you believe (Complete)
Romancemever ending ထဲကဗိုလ်လင်းရဲ့ficပါ start.. Aug 21 2022