Unicode
Zawgyi
~~~~~ဥက္ကာ အာလူးလေးကိုချီရင်းဖြင့်သူယခုနေရာချနေတဲ့စိုက်ခင်းအသစ်ကိုပြန်ရောက်လာသည်။Kအပါအဝင်အားလုံးသည် ဒရုန်းများရန်ကပုန်းနေရင်းဥက္ကာကို
စောင့်ကြိုနေသည်။ ဒရုန်းကပြန်ထွက်ခွာသွားတာသေချာပြီဖြစ်သော်ငြား သူတို့အခုထိ ပုန်းနေရာကမထွက်ရသေးချေ။
အရေးကြုံချိန် ခေါင်းဆောင်ကအနားမရှိတာကြောင့် သူတို့ ကြံရာမရဖြစ်နေခြင်းဖြစ်သည်။"K!''
ဥက္ကာ အသံပေးလိုက်မှ ပုန်းနေသည့် သူ့
လူတွေဟာတစ်ယောက်များတစ်ယောက်
ထွက် ထွက်လာသည်။"ဘာဖြစ်သွားသေးလဲ K''
"ဘာမှတော့မဖြစ်သေးဘူး ကိုဥက္ကာ ဒါပေမဲ့ ကျွန်တော်တို့သတိကြီးကြီးနဲ့နေမှရတော့မယ်ထင်တယ် အဲ့ဒီဒရုန်းတွေကျွန်တော်တို့ပုံတွေရသွားရင်တော့ဒုက္ခပဲ''
"ပစ်လိုက်သေးလား''
"မပစ်ပါဘူး ကိုဥက္ကာ ပစ်လိုက်ရင်ကျွန်တော်တို့လက်ထဲမှာသေနတ်ရှိနေတာသူတို့သိကုန်လိမ့်မယ်''
ဥက္ကာ Kပြောသမျှကိုသေချာနားထောင်ရင်းစိုက်ခင်းပတ်ပတ်လည်ကိုသေချာ
ကြည့်ရှူနေသည်။ဒီလောက်တောနက်တာကို ဟိုကောင်တွေကဘယ်လိုသိရတာလဲ
Cctv တွေထပ်ထားပြီးသားဖြစ်ပေမယ့်
ယခုနေစစ်လိုက်ရင်ဒရုန်းတွေပဲမြင်ရမှာ
နောက်ကွယ်ကလူတွေကိုမြင်ရမှာမဟုတ်။"ဟိုတစ်ယောက် လာခဲ့''
သူ့ထံမနေ့တစ်နေ့ကမှဝင်လာတဲ့ဒီကနယ်ခံ
လူယုံကိုဥက္ကာဆင့်ခေါ်လိုက်ခြင်းဖြစ်သည်။ ထိုတစ်ယောက်ကလည်းလက်တစ်ဖက်က ရိုင်ဖယ်သေနတ်ကိုကိုင်ရင်း
ဥက္ကာရှေ့ထွက်လာသည်။"ပြောပါ ကိုဥက္ကာ''
"မင်းအထင်အဲ့ဒရုန်းတွေကို ဗိုလ်လင်းဆိုတဲ့တစ်ယောက်ကလွှတ်လိုက်တာလို့
ထင်လား''"သူအဖွဲ့မဟုတ်ရင်တော့ သူနဲ့အဖွဲ့ချင်းတူတဲ့ကောင်တွေကလုပ်တယ်ဖြစ်မယ်
ဘာဖြစ်ဖြစ်သူတို့ကောင်တွေကအတူတူပါပဲ''ဥက္ကာကသူသိချင်တာသိရသည့်နောက်တွင် မေးစေ့ပွတ်လျက်ခေါင်းညိတ်သည်။ သူလည်းဒီလိုပဲခန့်မှန်းခဲ့ပါသည်။မသေချာလို့သာသူမထုတ်ပြောတာ။
YOU ARE READING
If you believe (Complete)
Romancemever ending ထဲကဗိုလ်လင်းရဲ့ficပါ start.. Aug 21 2022