13

609 63 4
                                    

Unicode
Zawgyi
~~~~~~

"မင်းဘာလို့ဒီလိုလုပ်ရတာလဲ တာပေါ!''

စခန်းပြန်ရောက်ရောက်ချင်းအငေါက်ခံလိုက်သဖြင့်
တာပေါမျက်နှာရှုံ့ခနဲ့။ဗိုလ်လင်းက တာပေါသူ့ဆီအင်အားအလုံးအရင်းနဲ့ပြေးသွားတာကိုပြောနေခြင်း။

"ဗိုလ်လင်းကိုဟိုဘိန်းစားအုပ်စိုးကအန္တရာယ်ပြုလိမ့်မယ်ဆိုပြီးဖုန်းရလို့ပြေးသွားတာလေ ''

"အဲ့ဒါနဲ့ယုံတာပဲလား မင်းမှာဦးနှောက်မရှိဘူးလား''

ထပ်ပြီး အငေါက်ခံရပြန်သဖြင့်တာပေါမှာဝါးနေသည့်
ငှက်ပျောသီးတောင်ပြန်ထွက်ချင်သလို။သူ့မှာစိတ်ပူလို့
အမောတကောနဲ့လိုက်သွားရသေး။ဒါကိုကျေးဇူးမတင်ဘဲဖင်လှန်ပြနေရတယ်လို့ တာပေါတို့ပါးစပ်ယားလာအောင်ဆွနေတာပဲ။

"ပြောကြေးဆို ဗိုလ်လင်းလည်းမှားတာပဲလေ ဘာလို့အပြင်ကိုခဏခဏထွက်နေရတာလဲ ထွက်ရင်လည်းဘာလို့သေနတ်ယူမသွားရတာလဲ ဟိုဘိန်းစားတွေဗိုလ်လင်းအ​ကြောင်းစုံစမ်းနေတာ ဗိုလ်လင်းသိတာပဲ ''

"မင်းအခုငါ့ကိုရန်ထောင်နေတာလားတာပေါ!''

ဗိုလ်လင်းကအော်ရင်းအနားကိုတိုးကပ်လာသဖြင့်
တာပေါ ဘေးကိုအမြန်တိုးလိုက်ရ၏။

"ခံပြင်းလို့ပါ ရေချိုးချိန်မှာသတင်းရရချင်းပြေးသွားရတာ အောက်ခံလေးတောင်ဝတ်မသွားလိုက်ရလို့
အငယ်ကောင်ကအလယ်မှာတန်းလန်းကြီး ''

တာပေါကပြောကာ သူ့ဘောင်းဘီအောက်သူပြန်ငုံ့ကြည့်နေသည်။ လင်းဆယူစိတ်ပျက်ပျက်နဲ့မျက်လုံးလှန်ပြီး
တာပေါဖုန်းကိုဆွဲယူလိုက်၏။

"မင်းကိုဆက်တာဒီနံပါတ်လား''

လင်းဆယူက တာပေါဖုန်းခေါ်ဆိုမှုမှတ်တမ်းထဲက
ထိပ်ဆုံးတစ်ခုကိုရည်ရွယ်ကာပြောခြင်း။ တာပေါခေါင်းညိတ်သည့်အခါ လင်းဆယူထိုနံပါတ်ကိုချက်ချင်းကူးယူလိုက်သည်။

"ကျည်က ၄နာရီကနေလာတာ ''

ဥက္ကာကိုပစ်လိုက်တဲ့ကျည်က တာပေါတို့ဆီကလာတာမဟုတ်တာကိုတော့ လင်းဆယူကောင်းကောင်းသိသည်။
ဒီလောကထဲကျင်လည်ခဲ့တာကြာပြီဖြစ်သည့်အခါ အရပ်တိုင်းကိုခန့်မှန်းနိုင်နေပြီ။ လင်းဆယူတို့မှာပစ်မိန့်မရရင်
အပြစ်သားကိုပြစ်ခွင့်မရှိ။အဖမ်းမခံလို့ထွက်ပြေးရင်လည်း မပြေးနိုင်အောင် ခြေထောက်ကိုပဲပစ်ရသည်။ လက်မောင်းကိုပစ်တာက လင်းဆယူတို့ထုံးစံမဟုတ်။

If you believe (Complete) Where stories live. Discover now