15

655 62 11
                                    


Unicode
Zawgyi
~~~~~~

ပေးထားသောအခွင့်အရေးနှင့်အချိန်မှာ၃ရက်လုံးကုန်ဆုံးတော့မည်ဖြစ်သော်လည်း ဘိန်းခင်းကကောင်တွေကတော့တစ်ယောက်မှလာရောက်အဖမ်းမခံ။  ၃ရက်မြောက်နေ့ရဲ့ မွန်းလွဲပိုင်းကိုရောက်ရှိလာသည့်တိုင်
တစ်​ယောက်မှပေါ်မလာသဖြင့် လင်းဆယူတို့ချီတက်ဖို့
ပြင်ဆင်ကြတော့သည်။

စိုက်ခင်းရဲ့အရပ်တိုင်းအားတပ်သားတွေဖြန့်ကြက်ထားပြီဖြစ်ကာ အမိန့်သာပေးဖို့ဘဲကျန်တော့သည်။ ဒုစရိုက်
အပြစ်သားတွေကိုချေမှုန်းရသည့်အသေးစားတိုက်ပွဲလေးသာဖြစ်သော်ငြား လင်းဆယူတို့ဘက်ကလုံလောက်သောစစ်ကူ လက်နက်မျိုးစုံပြင်ဆင်ထားသည်။

တချို့ဂိုဏ်းအဖွဲ့တွေကအင်အားကြီးသည့်အခါအဆင့်မြင့်သော လက်နက်ခဲယမ်းတွေလည်းပိုင်ဆိုင်ထားကြသည်။
ထိုသို့သောအင်အားကြီးသည့်ဂိုဏ်းတွေကိုရင်ဆိုင်ရသည့်အခါမှာတော့ အချိန်ကလိုတာထက်ပိုကြာတတ်သလို
အကျအရှုံးတွေလည်းများတတ်သည်။

လင်းဆယူသည် တပ်သားသုံးယောက်နဲ့အတူစိုက်ခင်းရဲ့ဝင်ပေါက်နားတွင်နေရာယူထားနေသည်။တာပေါနှင့်တပ်သားတချို့ကတော့ စိုက်ခင်း၏ဒုတိယထွက်ပေါက်တွင်ရှိနေသည်။ အဲလာဦးဆောင်သည့်စနိုက်ပါတပ်ဖွဲ့ကား အနီးနားကသစ်ပင်တို့ပေါ်နေရာယူထားနေကြပြီ​ဖြစ်သည်။

လင်းဆယူသည်သေနတ်မောင်းကိုဆွဲတင်ပြီးနောက်
အမိန့်ချဖို့မျက်လုံးမှိတ်ကာအာရုံစုစည်းထားသည်။

တက်!!!

လင်းဆယူအမိန့်ပေးလိုက်သည့်နောက်မှာတော့ သေနတ်သံတွေပြိုင်ထွက်လာသည်။တပ်သားတွေကလည်းတဖြည်းဖြည်းနဲ့ချီတက်သွားသည်။တစ်ဖက်ကလည်း ခုခံလာသည်။ ကျည်ဆန်တွေဆိုတာ မိုးစက်တို့အလား
ခေါင်းတို့ထက်ဝယ် ရွှီးခနဲ ဖြတ်သွားလာနေသဖြင့်
လင်းဆယူ၏တပ်သားများသည် မြေပေါ်တွားသွားရင်းနဲ့သာ ချီတက်နေကြသည်။

လင်းဆယူတို့ပါလာသောတပ်သားအင်အားမှာ  အားလုံးပေါင်းသော် ၃၀သာကျော်သည်။တစ်ဖက်အင်အားကတော့ ရာကျော်သည်။သို့သော် သူတို့ဘယ်လောက်ပင်
အင်အားကြီးနေပါစေ နှစ်နဲ့ချီအထူးလေ့ကျင့်ထားတဲ့
လင်းဆယူတို့တပ်ကိုတော့ မနိုင်ပါချေ။ ကြောက်စိတ်ကို
ဆေးနဲ့ဖုံးလိုက်တဲ့တချို့ကဆိုအော်ရင်းပြေးထွက်လာ
သဖြင့်နေရာနဲ့တင်အသက်ပျောက်သွားကြတာများသည်။

If you believe (Complete) Where stories live. Discover now