11

565 59 3
                                    


Unicode
Zawgyi
~~~~~~~

ဥက္ကာအတွက် ယူနဲ့တွေ့ရမယ်ဆိုလျှင်အမြဲတက်ကြွနေခဲ့သော်ငြား ယခုတစ်ခေါက်မှာတော့ လေးတိလေးကန်ဖြစ်နေခဲ့သည်။ ရင်ဝ၌အမည်မသိတဲ့အစိုင်အခဲကြီးတစ်ခုရှိနေသလို ကိုယ်သွားတိုင်းစိတ်ကမပါ။ ဝမ်းနည်းပြီးငိုချင်လာသော်ငြား နာကျင်မှုကိုဖုံးကွယ်ရင်း ဥက္ကာ ခပ်မဲ့မဲ့ပြုံး၏။

ယူက အထူးတလည်ပြင်ဆင်ထားတာကိုသဘောတွေ့ပုံ
မပေါ်တော့ ဥက္ကာ ဒီတစ်ခေါက်မပြင်ဆင်တော့ပင်။စိတ်ကမပါတော့တာဆိုပိုမှန်သည်။အပြာရင့်ရောင်ရှပ်လက်ရှည်နှင့် အနက်ရောင်ဘောင်းဘီရှည်က ယခုဖြစ်နေတဲ့ သူ့စိတ်ရဲ့အခြေနေအတိုင်း။ လေးလံထိုင်းမှိုင်းပြီး
ရှင်းလင်းထင်ရှားမှုမရှိ။

ဥက္ကာ ကားသော့ကိုဆွဲယူပြီးတဲအပြင်ကိုထွက်လိုက်သည့်အခါ Kနှင့်ကျန်ကိုယ်ရံတော်တချို့က သူ့ကားရှေ့ပိတ်ရပ်ထားနေသည်။ ဥက္ကာချက်ချင်းမျက်မှောင်ကြုတ်သွားသည်။

"မင်းအခုငါ့ကိုပုန်ကန်ဖို့ကြိုးစားနေတာလား K!''

"ကိုဥက္ကာ ဘယ်သွားမလို့ပါလဲ''

"ဘယ်သွားသွားငါ့ကိစ္စ အခုချက်ချင်းအကုန်ဖယ်''

ဥက္ကာကအမိန့်ဆန်ဆန်နဲ့ပြောနေပေမယ့် Kက ဖယ်မပေးသည့်အပြင် ဥက္ကာရှေ့ပါတိုးရပ်လာသည်။

"ကိုဥက္ကာချစ်သူနဲ့သွားတွေ့ဖို့မှတ်လား သတိထားပါ
ကိုဥက္ကာ  သူကကိုဥက္ကာကိုနင်းချေမယ့်အကြီးမားဆုံးရန်သူပါ ရန်သူ့ဆီကကြင်နာမှုကိုမျှော်လင့်လို့မရတာ
ကိုဥက္ကာသိပါတယ် ဘယ်ပြောတတ်မလဲ ကိုဥက္ကာကိုဖမ်းဖို့တမင်ချဥ်းကပ်လာတာလည်းဖြစ်နိုင်တာပဲ''

"K!''

ဥက္ကာက Kရဲ့အင်္ကျီကော်လံနှစ်ဖက်ကိုလက်နှစ်ဖက်နှင့်ဒေါသတကြီးဆောင့်ဆွဲသည်။

"ငါ့ချစ်တဲ့သူကသိက္ခာရှိတဲ့သူ ဘယ်သောအခါမှသူများကိုချဥ်းကပ်မှာမဟုတ်ဘူး ငါ့ချစ်တဲ့သူကိုမဆင်မခြင်ပြောတာဒါပထမဆုံးနဲ့နောက်ဆုံးအကြိမ်ဖြစ်ပါစေ ''

ဥက္ကာပြောပြီးKကိုဆောင့်တွန်းသည်။Kစောဒကမတက်ရဲတော့သလိုကျန်ကိုယ်ရံတော်တွေကလည်း ​ငြိမ်လျက်သားဖြစ်သွားသည်။ ဥက္ကာသည် ကားပေါ်ချက်ချင်းတက်ရင်း
ကားကိုအရှိန်နှင့်မောင်းထွက်သွားသည်။ သို့သော် စိုက်ခင်းတန်းထဲအရောက်တွင်ကားကို ဘရိတ်အုပ်ပစ်နေသည်။

If you believe (Complete) Where stories live. Discover now