10

655 63 3
                                    


Unicode
Zawgyi
~~~~~~

"ဗိုလ်လင်း ခေါင်းဆောင်နောင်ကဖုန်းပြန်ဆက်ပါတဲ့''

"နောင်က!''

တာပေါပြောမှတစ်နေ့ကနောင်နဲ့မပြီးပြတ်သေးတဲ့ဖုန်းထဲကစကားဝိုင်းအားပြန်ဆက်ဖို့မေ့နေတာကိုသူသတိရသွားသည်။ဒီနေ့တစ်နေကုန်အပြင်ရောက်ခဲ့တာတောင် နောင်ဆီဖုန်းခေါ်ဖို့လုံးလုံးမေ့နေခဲ့တာ။ ယခုလိုပေါ့ပျက်နေတဲ့အပေါ်သူ့ကိုယ်သူစိတ်ပျက်မိလာသည်။ လူတွေပြော ပြောနေတဲ့ ဗိုလ်လင်းလိုမပီသလိုက်လေခြင်း။

"ဖုန်းကဘယ်နားသွားပြောရတာ ''

"ဟိုနားလေးပဲ ''

တာပေါက စခန်းနံဘေးကတောင်ပုလေးကိုညွှန်ပြသည်။
လင်းဆယူ ခေါင်းညိတ်ပြီးတစ်​ယောက်တည်းသာသွားလိုက်၏။ တောင်ပုလေးဟာ တောင်တက်လေ့မရှိသည့်
လူတွေအတွက် တမောတပန်းနဲ့တက်နေရသော်ငြား
လင်းဆယူတို့လို တောတောင်တွေကြားကျင်လည်လာ
သည့်လူတွေအတွက်ကတော့ ပါးပါးလေးသာဖြစ်သည်။
တောင်ပုလေးပေါ်တက်ရာတွင် လင်းဆယူအတွက်၅မိနစ်မျှတောင်မကြာခဲ့ပါ။ လူတစ်​ယောက်မှရှိမနေပေမယ့်
တောင်အောက်ကအသံမှန်သမျှကိုတော့ကြားရပါသည်။

ကလိန်း~ကလိန်း!

ဖုန်းလှိုင်းမိသည့်နေရာရောက်သည်နှင့်မက်ဆေ့တွေကတန်းစီပြီးဝင်လာသည်။ ထိုမက်ဆေ့တွေထဲ နောင်ဖုန်းခေါ်ဆိုထားကြောင်းသက်သေပြနေသည့်မက်ဆေ့တွေလည်းပါနေသည်။ လင်းဆယူ ချက်ချင်းနောင့်နံပါတ်ကို
နှ်ိပ်ပြီးဖုန်းပြန်ခေါ်လိုက်ပါသည်။

တူ!

"ဟယ်လို''

ဖုန်းကတစ်ချက်ဝင်သည်နှင့်တစ်ဖက်ကကိုင်လိုက်သည့်နောင့်အသံချက်ချင်းထွက်လာသည်။

"နောင်! တာပေါကမင်းဖုန်းပြန်ခေါ်ခိုင်းတယ်ဆိုလို့''

"ငါကပြောမှသိတာလား လင်းဆယူ! ဗိုလ်လင်းပီသအောင်နေစမ်းပါ အဲ့နေ့ကတမင်ဖုန်းချသွားတာလား''

"မဟုတ်ပါဘူး ဖုန်းအားကုန်သွားတာ ပြီးတော့မင်းနံပါတ်လည်းအလွတ်မရတာနဲ့''

ဘယ်လောက်ပဲအနေဝေးလို့အသံပဲကြားနေရပါစေ
လေးစားခဲ့ဖူးတဲ့သူမို့ ရှိန်ခဲ့ဖူးတဲ့သူမို့ ဆင်ခြေတွေပေးနေချိန် လင်းဆယူ တည်ငြိမ်မှုအပြည့်နဲ့ရှိမနေနိုင်။ အရိုက်ခံရမှာစိုးတဲ့ကလေးလို ခေါင်းကုတ်ရင်းအသံကအလိုလိုတိုးနေတာ။ ယခုနေ သူဟာ တပ်သားတွေကိုဦးဆောင်တဲ့
ဗိုလ်လင်းမဟုတ်။ နောင်ရဲ့ဝမ်းကွဲညီ လင်းဆယူသက်သက်သာ​ဖြစ်နေခြင်း။

If you believe (Complete) Where stories live. Discover now