Unicode
Zawgyi
~~~~~သူတို့ယခုထောက်လှမ်းမိထားသောဘိန်းခင်း၏
အကြောင်းအရာအခြေအနေပြည့်ပြည့်စုံစုံကိုလင်းဆယူအထက်သို့တင်ပြခဲ့ပြီဖြစ်သည်။ တင်ပြပြီး၁၀နာရီအကြာမှာတော့ အထက်ကပြန်စာပြန်ရလာသည်။
'စောင့်ကြည့်ရုံသာစောင့်ကြည့်ဘာမှမလှုပ်ရှားသေးနဲ့ဦးတဲ့'။ ကိုယ်တိုင်လှုပ်ရှားဖို့မလိုသေးတာကြောင့်
တာဝန်ပါးသည်ပြော၍ရ၏။ထို့ကြောင့် အာလူးလေးကိုကတိပေးထားသည့်အတိုင်း
လင်းဆယူ ခဏဖြစ်ဖြစ်မျက်နှာသွားပြဖို့ဆုံးဖြတ်လိုက်သည်။ ကတိလည်းပေးထားတာပဲ။ကလေးဖြစ်နေသဖြင့်
သူ့ဘက်က ကျိန်းသေတာဝန်ယူမှရလိမ့်မည်။"နေဦး ဗိုလ်လင်း''
လင်းဆယူကားပေါ်တက်ဖို့လုပ်နေစဥ်နောက်ပါးမှတာပေါအသံကြောင့်ခြေလှမ်းကိုအရှိန်ရပ်လိုက်၏။
"ဖုန်းကျန်ခဲ့တယ်လေ ဗိုလ်လင်း''
"ဟုတ်သား''
"သေနတ်ပါယူသွားမလို့လား''
"ဟမ်!''
တာပေါပြောမှလင်းဆယူသူ့ကိုယ်သူငုံ့ကြည့်မိသည်။
ဟုတ်သား သူ့ခါးမှာ 9mamaသေနတ် တစ်လက်ရှိနေတာ။ အပြင်သွားမှာမလို့အရပ်သားဝတ်စုံပြောင်းဝတ်ထားတာဆိုပေမယ့် သေနတ်ထားခဲ့ဖို့သူမေ့သွားတာပဲ။
ဒီလက်နက်က သူ အမြဲလိုလိုကိုယ်နဲ့မကွာဆောင်ထားတတ်သည့်ကံကောင်းမှုလေး။"ဟုတ်သားပဲ ရော့ ငါ့နေရာမှာပြန်ထားပေး''
တာပေါသည် လင်းဆယူကမ်းပေးလာတဲ့သေနတ်အား
ချက်ချင်းယူနေသည်။ သူအကြည့်တွေကတော့လင်းဆယူထံဝယ် ပြုံးစိစိနှင့်။လင်းဆယူမျက်မှောင်ကြုတ်သွား၏။"ဘာဖြစ်တာလဲ တာပေါ''
"ဗိုလ်လင်းပုံစံကဘာနဲ့တူလဲသိလား''
"ဘာနဲ့တူလို့?''
"မသိရင်ချစ်သူနဲ့သွားတွေ့မယ့်လူလိုပဲ သတိကိုမရှိတာ''
တာပေါဆီကထိုသို့အပြောခံလိုက်ရသည့်လင်းဆယူသည်
ခါးထောက်လျက်သူ့ကိုယ်သူတစ်ချက်ငုံ့ကြည့်နေသည်။
ယခုလိုပြောခံလိုက်ရတာကြောင့်သူမျက်နှာပူသွားသည်။
YOU ARE READING
If you believe (Complete)
Romancemever ending ထဲကဗိုလ်လင်းရဲ့ficပါ start.. Aug 21 2022