4

831 67 8
                                    


Unicode
Zawgyi
~~~~~~

ဒီနေ့ ပင်မရုံးတွင်ကျင်းပမည့်လစဥ်အစည်းအဝေးအတွက် လင်းဆယူ စခန်းကနေ ထွက်ခွာနေပြီဖြစ်သည်။သူများကတစ်ရက်ကြိုစောပြီးသွားကြသော်ငြား
လင်းဆယူကတော့ နေ နေကျနေရာမဟုတ်ရင် ကြာကြာမနေချင်။ဒါ့ကြောင့်နီးမှထွက်ခွာခြင်းဖြစ်၏။

စခန်းမှ မြို့အနီးလမ်းမအထိကိုတော့
အဖွဲ့အစည်းထဲရှိနေသည့်ကားတွေထဲကတစ်စီးနဲ့ပဲသူသွားသည်။ တာပေါကသူမရှိရင် စခန်းကိုစောင့်ကြပ်နေရမှာမို့ သူ့ကိုလိုက်မပို့အား။တပ်သားအငယ်နှစ်ယောက်နဲ့ပဲသူလာခြင်းဖြစ်သည်။

"ငါမရှိလို့ဆိုပြီးပေါ့လျော့မနေကြနဲ့နော်
ငါပြန်လာလို့ပြသနာရှိနေတာတွေ့ရင် မင်းတို့အကုန်ဖားကင်ဖြစ်သွားမယ်''

ကားပေါ်ကမဆင်းခင် ရာဇသံပေးသွား
သည့် ဗိုလ်လင်းကြောင့် အငယ်
နှစ်ယောက်မှာ ကြက်သီးဖြန်းသွား၏။
ဗိုလ်လင်းပြောတဲ့ဖားကင်ဆိုတာ  လက်နှစ်ဖက်ကိုကျောနောက်စုချည်ရင်းနေပူထဲ
အသွား၁၀၀ အလာ၁၀၀တွားသွားခိုင်းတာ။  ဗိုလ်လင်းကပြောရင်ပြောတဲ့အတိုင်းလုပ်တတ်တာကြောင့်သူတို့ပေါ့လျော့ဖို့မဖြစ်နိုင်။တစ်ခါတလေ
ဗိုလ်လင်းမထင်မှတ်ဘဲ ညစ်ပတ်တာမျိုး
ရှိသေး။နားရွက်ကိုဆွဲရင်းထိုင်ထလုပ်ခိုင်းတဲ့အခါမျိုးဆို ၁၀၀ပြည့်နေတာတောင် သူသေချာမရေမိလို့ဆိုပြီး ၅၀ကပြန်စခိုင်းတာ။

"ပြန်ကြတော့လေ ဘာရပ်လုပ်နေတာ''

"ကျွန်တော်တို့ကဗိုလ်လင်းကိုလာကြိုမယ့်ကားရောက်တဲ့အထိအဖော်နေပေးမလို့ပါ''

"ပြီးရော''

အကူတကအဖော်နေပေးမည့်သူကိုအတင်းကြီးနှင်လွှတ်နေတာ။ အကျိုးသင့်အကြောင်းသင့်ပြောတော့လည်းကျေးဇူး
မတင်ဘဲခပ်တည်တည်သာနေ နေသည်။
အစည်းအဝေးစချိန်ကမွန်းလွဲ၁နာရီ။
ယခုက ၈နာရီသာရှိသေးသဖြင့် သူတို့အတွက်အချိန်တွေပိုပါသေးသည်။

၈ခွဲမှာတော့ တစ်ဖက်ကလွှတ်ပေးတဲ့ကားရောက်လာသဖြင့် လင်းဆယူ တပ်သား
နှစ်ယောက်ကိုအရင်ပြန်ခိုင်းပြီးမှ ကားပေါ်တက်လိုက်သည်။လာခေါ်သည့်ကားက
Parado မီးခိုးရောင်ဖြစ်ပြီး လူနှစ်ယောက်ပါသည်။လင်းဆယူ က ထိုနှစ်ယောက်ကိုကြည့်ပြီး မျက်မှောင်ကြုတ်သည်။ ဝတ်စားထားပုံက ဖရိုဖရဲနဲ့။ လင်းဆယူက
စည်းကမ်းရှိပြီးသေသပ်တာကိုမှကြိုက်တာ။

If you believe (Complete) Where stories live. Discover now