#Unicode
ထယ်ယောင်းတစ်ယောက် အရင်လိုပဲ
ကျောင်းကိုနောက်ကျမှရောက်လာသည်
ရောက်ရောက်ချင်း အတန်းခေါင်းဆောင်
မှ ကျောင်းရဲ့ထူးချွန်ကျောင်းသား
တွေအတွက် မေးခွန်းစာရွက် များကို
ကူးခိုင်းလေသည်...ကူးခိုင်းရသည့် အကြောင်းမှာတော့
ထယ်ယောင်း၏ လက်ရေးသည် ရှင်းရှင်း
လေးနှင့် ကြည့်ကောင်းတဲ့ထဲ ပါသောကြောင့်
ဖြစ်သည်....ထယ်ယောင်းသည် အတန်းထဲ
တွင် စာတော်တဲ့ထဲလဲ မပါသလို
စာညံ့တဲ့ထဲလဲမပါ အလယ်အလတ်အဆင့်
လောက်သာရှိသည်
သို့ပေမဲ့ သူ့လက်ရေးကြောင့် မေးခွန်း
စာရွက် များ အမြဲကူးပေးရသည်ထယ်ယောင်းလဲ အတန်းခေါင်းဆောင်
ရေးခိုင်းထားသည့် မေးခွန်းစာရွက် များ
ကုန်လုနီးပါး ရေးပီးသဖြင့် ခနနားနေ
လိုက်သည်....."ထယ်ယောင်း.......ထယ်ယောင်း
ငါကူးခိုင်းထားတဲ့ မေးခွန်းတေ
ပြီးပီလား ဟင်"ခနနားနေတုန်း အတန်းခေါင်းဆောင်မှ... မေးခွန်းစာရွက် များ လာယူတော့သည်....
"အမ် အခုယူတော့မှာလား?
ခနလေးနော် နည်းနည်းပဲကျန်တော့တာ
ဟီး""ပေါ့ပြက်ပြက် နဲ့.."
အတန်းခေါင်းဆောင်နှင့် အတူပါလာသော လူတစ်ယောက်ထံမှ သူ့ကို
အပြစ်တင်သံကြား၍ မော့ကြည့်လိုက်ရာ
တစ်ခါမှ ကျောင်းမှာမမြင်ဖူးသော
လူတစ်ယောက် ကျောင်းသားအသစ်ဖြစ်ပုံရသည်.. ရုပ်ကိုကခပ်တည်တည်ကြီးနဲ့
မသိရင် The Untamedထဲက
လန့်ဝမ်ကျီးနဲ့ ဆွေမျိုးတော်ကြသလိုလို.....ခနနေပါအုံး သူခုနက ငါ့ကို ဘယ်လို
ပြောလိုက်တာ သူ့လိုကျောင်းသားသစ်
တစ်ယောက်က ငါ့လိုကျောင်းသား ဟောင်း
တစ်ယောက်ကို စီနီယာ တစ်ယောက်အနေနဲ့
လေးလေးစားစား တော့ဆက်ဆံသင့်
တယ်မလား?...ပြီးတော့ အခုလိုကူးပေးနေတာလဲ သူတို့ သုံးဖို့အတွက်ပဲ မဟုတ်ဘူးလား....
အစထဲက အမြန်လိုချင်ရင် ကျောင်းမှာ
မိတ္တူစက်ရှိနေတာပဲ မိတ္တူသွားကူးလိုက်
ပါ့လား ငါ့လဲအပင်ပန်းခံပြီး လာကူးခိုင်း
သေးတယ် ကျေးဇူးမတင် ဖင်လှန်ပြနေတယ်
ဟွန့် ...
ငါလဲလူလေ မိတ္တူစက် မှမဟုတ်တာ
လက်ညောင်းတော့ ခနတော့ အနားယူအုံး
မှာပေါ့..
စိတ်ထဲမှာသာ မကျေနပ်မှုတွေ အကုန်
ပေါက်ကွဲ နေပေမဲ့...တကယ့်လက်တွေ့အပြင်မှာတော့..ထယ်ယောင်းတစ်ယောက် အပြုံးလေးဖြင့်....
YOU ARE READING
𝐼𝑡 𝐴𝑙𝑙 𝑆𝑡𝑎𝑟𝑡𝑒𝑑 𝑊𝑖𝑡ℎ 𝑇𝑒𝑒𝑛 𝐿𝑜𝑣𝑒[Completed]
Fanfiction#Unicode မြတ်နိုးရာ ထယ်ကူးအတွက် ပထမဆုံးပုံဖော်ခြင်းပါဗျ.....💚💜 လိုအပ်ချက်..များရှိခဲ့ရင်လဲ တောင်းပန်ပါတယ်ဗျ🙆♂️ #zawgyi မြတ်နိုးရာ ထယ်ကူးအတွက် ပထမဆုံးပုံဖော်ခြင်းပါဗျ.....💚💜 လိုအပ်ချက်..များရှိခဲ့ရင်လဲ တောင်းပန်ပါတယ်ဗျ�...