_15_

893 81 4
                                    

#Unicode

          "ကလင်..ကလင်..ကလင်"

        ခေါင်းလောင်းသံကြားတာနဲ့ အရင်က
နားချိန်တွေဆို အပြင်မထွက်တဲ့ ထယ်ယောင်းတောင် အပြေးလေးထွက်လာသည်..
      နောက် မှာ စပ်စုစိန်လေး ဂျီမင်ကလဲ
ကပ်ပါလျှက်.....

      "ထယ်ယောင်း စာကြည့်တိုက်သွားရအောင် ဟီး"

      "အင်း မြန်မြန်သွားမယ်လာ ဂျီမင်နီး"

      သူ့လက်ကိုဆွဲပြီး စာကြည့်တိုက်ကို
ပြေးသွားနေသော ထယ်ယောင်းကြောင့်
ဂျီမင်ရဲ့မျက်နှာ ကြီးမှာ ပြုံးဖြီးနေတော့သည်.....

       စာကြည့်တိုက်ကိုရောက်တော့ ဟိုသုံး
ယောက်က ရောက်နှင့်နေပြီဖြစ်သည်....

      ဂျီမင့်မှာ သူတို့ကို မစောင့်ဘဲပြောနေမှာဆိုးလို့ လှမ်းမေးလိုက်သည်...

       "ဟေး ပြောနေကြပြီလား"

       နမ်ဂျွန်းမှ.....

       "မပြောရသေးပါဘူး ဂျီမင်ရာ မင်းတို့ကို
စောင့်နေတာ လာ ဒီမှာလာထိုင်"

      နမ်ဂျွန်းတစ်ယောက်ကတော​့ သူ့သူငယ်ချင်းတွေအကြောင်း သိသူပီပီ.....
           ခုသူတိုင်ပင်မဲ့ ကိစ္စမှာ ဒင်းတို့ရဲ့ အကူညီမရမှန်းသိတာကြောင့်
ထယ်ယောင်းနဲ့ဂျီမင့်ကိုသာ
အားကိုးပြီး ထိုင်စောင့်နေခြင်းဖြစ်သည်.....

       ဂျီမင့်မှာ နမ်ဂျွန်းထိုင်ခိုင်းတဲ့နေရာကြည့်လိုက်တော့ ဟိုသွေးစုတ်ဖုတ်ကြီးရဲ့ဘေးကိုဖြစ်သည်...
       သေချာကြည့်မှ သူ့ ခန္ဓာကိုပေါ်ကအဝတ်တေွက ခုနက အဝတ်တေွမဟုတ်တော့ဘဲ
ကျောင်းဝတ်စုံလဲပြီးသွားပြီဖြစ်သည်.....

        ဖြူစွတ်နေတဲ့ အသားရေနဲ့
ကျောင်းဝတ်စုံကို တွဲဖက်ဝတ်ဆင်ထားပုံက ကြည့်ကောင်းလွန်းလှသည်....

       အမ် ငါဘာတေတွေးနေတာလဲ

       "ကျစ်...ထိုင်မှာဖြင့်လာထိုင်"

      မထိုင်သေးဘဲ မတ်တတ်ကြီးရပ်နေတဲ့
ဂျီမင့်ကို ယွန်းဂီမှ စိတ်မရှည်ဟန်ဖြင့်
သူ့ဘေးကို ဆွဲချပြီး ထိုင်ခိုင်းလိုက်သည်.....

𝐼𝑡 𝐴𝑙𝑙 𝑆𝑡𝑎𝑟𝑡𝑒𝑑 𝑊𝑖𝑡ℎ 𝑇𝑒𝑒𝑛 𝐿𝑜𝑣𝑒[Completed]Where stories live. Discover now