#Unicode
"သား...ဂျောင်ဂုရေ အဆင်ပြေရဲ့လား
သူငယ်ချင်းတေွကရော သားစကားကို
သေချာနားထောင်ကြရဲ့လား?....""ဟုတ်ကဲ့ ပြေပါတယ် ဆရာမ
စကားလဲနားထောင်ကြပါတယ်""ကျောင်းနောက်ကျတဲ့လူတွေကိုရော
ဒဏ်ကြေးကောက်တာ ပေးကြလား?..""အမ်း...ပေးကြပါတယ်ဗျ"
"အင်းသားကို ကူညီဖို့အတွက် သူငယ်ချင်း တစ်ယောက်လောက်တော့
လိုမှာပဲ...သားနဲ့အတူပြောင်းလာတဲ့
သားသူငယ်ချင်း နမ်ဂျွန်းကို ဆရာမ အကူညီတောင်းပေးရမလား...""ရတယ်ဆရာမ မနက်ပိုင်းကျ နမ်ဂျွန်းက
မအားဘူးဗျ သူ့ဝါသနာဖြစ်တဲ့ ဓာတ်ပုံရိုက်တာကို သူက မနက်ပိုင်းပဲလုပ်လို့လေ
သူ့ကိုမနှောက်ယှက်ချင်ဘူးဗျ""အေးကွယ် အဲ့ဒါဆိုသားကို ဘယ်လိုလုပ်ပေးရပါ့"
"ကျနော်စဉ်းစားမိတာ တစ်ခုရှိတယ် ဆရာမ"
"ဟေ..ဘာစဉ်းစားမိထားလို့လဲသား"
"ဟုတ် ကျနော်စဉ်းစားမိတာက ကျနော့်အတွက် အဖော်ကို နေ့တိုင်းကျောင်းနောက်ကျတဲ့ လူတွေထဲက ပဲရွေးမလားလို့"
"အေး..သားပြောတာလဲ မဆိုးဘူးပဲ
ဒါနဲ့ သားက ဘယ်သူ့ကိုရွေးမှာ...""အမြဲတမ်းနောက်ကျနေတဲ့ လူတစ်ယောက်ကို ကျနော်သတိထားမိနေတယ်ဗျ"
ဆရာမနဲ့ ကျောင်းသားသစ်တို့ ပြောနေတာတွေကို နားထောင်နေတဲ့ ထယ်ယောင်း
တစ်ယောက် နောက်ကျောတောင်မလုံချင်တော့ပေ......
ကျောင်းသားသစ်က သူ့ကိုစောင်းပြော
နေသလားတောင်ထင်ရသည်.....
ထယ်ယောင်းလဲ သူ့ကိုရွေးမှာကြောက်
တာနဲ့ ဆရာမနဲ့ကျောင်းသားသစ်တို့ ဝေးရာ
နေရာပြောင်းဖို့ ထလိုက်တဲ့အချိန်....."ထယ်ယောင်း...သားလေး
ဒီကို ခနလာပါအုံးကွယ်....""ဟုတ်...ဟုတ်ကဲ့....ဆရာမ"
ထယ်ယောင်းသိလိုက်ပါပီ ခုချိန်မှာ သူ့ကို ကယ်နိုင်မဲ့လူ တစ်ဦးတစ်ယောက် မှ
မရှိတော့ဘူးဆိုတာ.....
မသက် မသာနဲ့ ရှုံ့တွနေတဲ့သူ့ရဲ့မျက်နှာလေးကို အတတ်နိုင်ဆုံး သွားလေးဖြီးပြီး ဆရာမ
ခေါ်တဲ့ဆီကိုသာသွားလိုက်တော့သည်.....
YOU ARE READING
𝐼𝑡 𝐴𝑙𝑙 𝑆𝑡𝑎𝑟𝑡𝑒𝑑 𝑊𝑖𝑡ℎ 𝑇𝑒𝑒𝑛 𝐿𝑜𝑣𝑒[Completed]
Fanfiction#Unicode မြတ်နိုးရာ ထယ်ကူးအတွက် ပထမဆုံးပုံဖော်ခြင်းပါဗျ.....💚💜 လိုအပ်ချက်..များရှိခဲ့ရင်လဲ တောင်းပန်ပါတယ်ဗျ🙆♂️ #zawgyi မြတ်နိုးရာ ထယ်ကူးအတွက် ပထမဆုံးပုံဖော်ခြင်းပါဗျ.....💚💜 လိုအပ်ချက်..များရှိခဲ့ရင်လဲ တောင်းပန်ပါတယ်ဗျ�...