#Unicode
ဂျီမင်ပြောပြတဲ့ အတိုင်းပင် အစားသောက် readymade ကုမ္ပဏီတစ်ခုက
သူတို့ကျောင်းကို လာပြီး ပြိုင်ပွဲတစ်ခုလုပ်ပေးသည်....
ပြိုင်ပွဲကတော့ အခြားမဟုတ် ဖက်ထုပ်
ပြိုင်ပွဲသာဖြစ်သည်...စိတ်ဝင်စားတဲ့သူတွေက ဝင်ပြိုင်နိုင်ပြီး
မပြိုင်ချင်တဲ့သူတေွကတော့ ကိုယ်ကြိုက်တဲ့
ဖက်ထုပ်ပုံစံကို ကိုယ်တိုင်လက်တွေ့ လုပ်စားကြည့်နိုင်သည်.....ဂျောင်ဂုတို့အဖွဲ့ကတော့ ဝင်ပြိုင်ဖို့ဆိုဝေး
သူတို့အသင့်ပေးထားတဲ့ပစ္စည်းတွေနဲ့
ဟိုထည့်ဒီထည့် လျှောက်ထည့်ပြီး ဖက်ထုပ်
မမည်တဲ့ ဖက်ထုပ်တေွလုပ်နေကြသည်လေ...နမ်ဂျွန်းဆိုလည်း ကင်မရာတစ်လုံးနဲ့
ဖက်ထုပ်ကို ပန်းများမှတ်နေလားမသိ လှလှ
ပပ သေသေချာချာကို မှတ်တမ်းလိုက်တင်နေတော့သည်.....ထယ်ယောင်းမှာလဲ ပြိုင်ပွဲမဝင်တာကြောင့် ကိုယ်တိုင်လုပ်ချင်သလို လုပ်စားဖို့ရာ ပါဝင်ပစ္စည်းတေွပေးထားသမျှအကုန်
ထိုးသိပ်ထည့်နေတော့သည်......
သူလုပ်နေတဲ့အရာက ဖက်ထုပ်လား
ပေါက်စီလားပင်မသဲကွဲတော့ဘူးဖြစ်သည်.....ထယ်ယောင်း ဘေးမှဂျောင်ဂုကတော့
သူ့ရဲ့မူပိုင်အတိုင်း ခပ်တည်တည်ဖြင့်
စတိုင်ကျကျ ဖက်ထုပ်လုပ်နေတဲ့ပုံကြောင့်
ကျောင်းမှနှာဘူးမတွေကတော့ အသေအကြေကို ငမ်းနေကြတော့သည်.......ဖက်ထုပ်ကို အသည်းသန်လုပ်နေတဲ့
ထယ်ယောင်းဘေးကို သွားဖို့လုပ်နေသော
ဂျီမင်လေး......"ဟိတ် အသေးလေး"
"ချီး အသေးလေး မင်ယွန်းဂီ ရန်လာမစနဲ့နော် ဟွန့်"
"ဟဟ အေးပါကွာ လာငါနဲ့အတူ
ဖက်ထုပ်လုပ်ပေး အဲ့ဒါဆိုမစဘူး""ဟမ့် မင်းနဲ့ မလုပ်ပါဘူး ငါကထယ်ယောင်းနဲ့အတူလုပ်မလို့"
"ဟိုလဲကြည့်အုံး ထယ်ယောင်းက
ဂျောင်ဂုနဲ့ အတူလုပ်နေတာလေငါတကယ် မလုပ်တတ်လို့ပါကွာ သင်ပေးပါနော်
အသေးလေးရာ"အချေဂုဏ်ပုဒ်နဲ့ပင် မလိုက်ဖက်အောင် မျက်နှာငယ်လေးဖြင့် ပြောလာတဲ့ ယွန်းဂီကြောင့် ဂျီမင့်မှာ ခေါင်းပဲငြိမ့်ပြလိုက်ရတော့သည်....
YOU ARE READING
𝐼𝑡 𝐴𝑙𝑙 𝑆𝑡𝑎𝑟𝑡𝑒𝑑 𝑊𝑖𝑡ℎ 𝑇𝑒𝑒𝑛 𝐿𝑜𝑣𝑒[Completed]
Fanfiction#Unicode မြတ်နိုးရာ ထယ်ကူးအတွက် ပထမဆုံးပုံဖော်ခြင်းပါဗျ.....💚💜 လိုအပ်ချက်..များရှိခဲ့ရင်လဲ တောင်းပန်ပါတယ်ဗျ🙆♂️ #zawgyi မြတ်နိုးရာ ထယ်ကူးအတွက် ပထမဆုံးပုံဖော်ခြင်းပါဗျ.....💚💜 လိုအပ်ချက်..များရှိခဲ့ရင်လဲ တောင်းပန်ပါတယ်ဗျ�...