_23_

842 79 16
                                    

#Unicode

       အိမ်အပေါ်ထပ်ရဲ့ ဝရံတာကနေ ညနေနေဝင်ချိန်ဆည်းဆာကို ကြည့်နေကြတဲ့
ကောင်လေးနှစ်ယောက်....
      ကောင်းကင်ကြီးကိုပဲ ကြည့်နေသလိုနဲ့
တစ်ခါတစ်လေကျလဲ တစ်ယောက်တစ်လှည့် ခိုးခိုးကြည့်ကြသေးသည်.....

     "ဗရုတ်လေး..."

      သူနှစ်ယောက်ရဲ့ ကြားထဲမှ တိတ်ဆိတ်မှုကို ဂျောင်ဂုဘက်ကစတင်ဖြိုခွဲလိုက်သည်...

      "အင်း ဘာလဲ ဂျောင်ဂု.."

      "ငါမင်းကို ပြောစရာရှိတယ် အခုပြောမဲ့
စကားတေွက ငါ့အတွက်တကယ် အရေးပါတာမလို့ မင်းကို သေချာနားထောင်ပေး
စေချင်တယ်....."

     "အင်း မင်းပြောတဲ့စကားတိုင်းကို ငါအမြဲတမ်း သေချာနားထောင်ခဲ့ပါတယ်.."

     ထယ်ယောင်းရဲ့ စကားအဆုံး တစ်ယောက်နဲ့ တစ်ယောက် မျက်နှာချင်းဆိုင်ပြီး
သူတို့မျက်ဝန်းတေွထဲက စကားလုံးတေွကို
ပုံဖော်နေခဲ့ကြသည်......
      နည်းနည်းလောက်ကြာသွားကြမှ နှစ်ယောက်လုံး
အသိပြန်ဝင်ပြီး ဂုတ်ကို ပွတ်ကာ အရှက်ပြေ ချောင်းဟန့်လိုက်ကြသည်....

    "အဟမ်း.."
    "ဟင်း.."

     "ငါနိုင်ငံခြားမှာ ကျောင်းသွားတက်တော့မယ်..."

    "ဟင်..."

     ဂျောင်ဂုပြောလိုက်တဲ့ စကားကြောင့်
ထယ်ယောင်း ရင်ထဲမှာ တင်းကြပ်ကြပ်ကြီးခံစားလာရသည်.....
     သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းက စတောင်မစရသေးဘူးလေ တကယ်ပဲ ဒီလိုကြီး အဆုံးသတ်တော့မှာလား....
     စဉ်းစားရင်းနဲ့မှ ရင်ဘက်ထဲကအောင့်ပီး
မျက်ရည်တေ ဝဲတက်လာသည်....

      သိုပေမဲ့လဲ သူ့အခြေနေကို ဂျောင်ဂုမရိပ်မိအောင် မျက်နှာကို ဟိုဘက်လှည့်ပြီး....
အသံကိုထိန်းကာ ပြန်ပြောလိုက်သည်.....

      "ဘယ်လောက်ကြာမှာလဲ..."

     "ကျောင်းပီးတဲ့ထိ အဲ့လောက်ပါပဲ"

      အော် ကျောင်းပီးတဲ့အချိန်ထိကို ဒီလောက်ပါပဲတဲ့....
အဲ့ဒီကြားထဲက အချိန်တွေကို
ဂျောင်ဂုက ခနလေးလို့များသတ်မှတ်ထားသလားပဲ.....
      ဒါမှမဟုတ် သူကပဲ ဂျောင်ဂုကိုမခွဲချင်လို့များ ကြာလွန်းသွားတာလား.....
      တစ်ဖက်က ဂျောင်ဂုက သူ့ကို ခွဲနိုင်တာပဲဆိုတဲ့ အသိကလဲ ထယ်ယောင်းရင်ကို နာကျင်စေသည်.....

𝐼𝑡 𝐴𝑙𝑙 𝑆𝑡𝑎𝑟𝑡𝑒𝑑 𝑊𝑖𝑡ℎ 𝑇𝑒𝑒𝑛 𝐿𝑜𝑣𝑒[Completed]Where stories live. Discover now