_21_

705 73 0
                                    

#Unicode

        "ထယ်ယောင်း စာတေွရပြီလား"

       "အင်းဂျီမင် ရတော့ရပါပီ"

       "ဟူး...final exam တောင်စပီ ဒါတေွပီးရင် စာမလုပ်ရတော့မှာကို ပျော်ပေမဲ့  မင်းတို့တွေနဲ
မခွဲချင်ဘူး အီးဟီး..."

      "အော မဟုတ်လဲအပြင်ကဆက်သွယ်လို့ရတာပဲ ဂျီမင်ကလဲ နေ့တိုင်းတွေ့ကြမယ်လေ
ဘာမှမဖြစ်ပါနဲ့..."

      "အင်းပါ ရွှတ်..."

       ဂျီမင့်ကိုသာ အားပေးနေရပင်မဲ့ သူကိုယ်တိုင်လဲ မခွဲချင်သေး အဓိကက ဂျောင်ဂုကိုဖြစ်မည်.....

      ထယ်ယောင်းတစ်ယောက် ညတိုင်း ကောင်းကင်ကြီးကိုကြည့်ပြီး
ဂျောင်ဂုအကြောင်းတေွကို နေ့တိုင်း စဉ်းစားမိသည်.....
နောက်ဆုံးတော့လဲ  သေချာတဲ့အဖြေတစ်ခုထွက်လာခဲ့ပြီဖြစ်သည်...
    
        ထွက်လာခဲ့တဲ့အဖြေကတော့ အခြားမဟုတ်......

      သူ့ရဲ့နှလုံးသားလေးကလဲ ဂျောင်ဂုကို သဘောကျနေတာ သေချာပီဆိုတာပဲဖြစ်သည်......

       ကလင်...ကလင်...

      "ထယ်ယောင်း စာမေးပွဲခန်းဝင်ရတော့မယ် ငါသွားပီနော် ကောင်းကောင်းဖြေခဲ့...."

      "အင်းဂျီမင် မင်းရော..."

      ဂျောင်ဂုတစ်ယောက် စာမေးပွဲသာဖြေနေရသည် သူ့စိတ်ထဲမှာတော့ ဗရုတ်လေးဖြေနိုင်ပါစေဆိုတာပဲ ရွတ်ဆိုနေမိသည်.....

       ဖြေနိုင်မယ်ဆိုတာလဲ သူသိပါသည်..
ဒင်းလေးက ပုံမှန်စာလုပ်တဲ့ထဲမပါပေမဲ့ စာမေးပွဲနီးရင်တော့ အသေအလဲစာတေွလုပ်တတ်တဲ့
အကျင့်လေးရှိသည်...

        ဗရုတ်လေး အကြောင်းကိုတွေးရင်းနဲ့
စာမေးပွဲခန်းထဲကို ဂျောင်ဂုဝေ့ဝိုက်ကြည့်လိုက်ရာ....သဲကြီးမဲကြီးနဲ့ စာတွေငုံ့ဖြေနေသော နမ်ဂျွန်း.....
      သူ့ကို ကြည့်လိုက်ရင်အမြဲ ကင်မရာတစ်လုံးနဲ့ အလုပ်ရှုပ်နေပေမဲ့ အစထဲက ဦးနှောက်ကောင်းတာကြောင့် ကျောင်းစာဘက်
မှာလဲ ထူးချွန်ပြန်သည်....

      နောက်တစ်ရောက်ကတော့ မင်ယွန်းဂီ
ဖြေပြီးလို့လား မဖြေရသေးဘဲလားတော့မသိ
စာမေးပွဲခန်းထဲတွင် လာအိပ်နေလေသည်.....

𝐼𝑡 𝐴𝑙𝑙 𝑆𝑡𝑎𝑟𝑡𝑒𝑑 𝑊𝑖𝑡ℎ 𝑇𝑒𝑒𝑛 𝐿𝑜𝑣𝑒[Completed]Where stories live. Discover now