_22_

784 79 9
                                    

#unicode

Final examနောက်ဆုံးရက်.....

ဖြေဆိုရမည့် စာမေးပွဲကြောင့် ရင်မတုန်ဘဲ ရှိမလာစေချင်တဲ့ ခွဲခွာခြင်းတေွကြောင့်သာ
ရင်တုန်နေရသည်.

ဒီနေ့ဖြေပီးသွားရင် သူတို့သူငယ်ချင်းတွေအားလုံး နေ့တိုင်း တွေ့ဖြစ်ကြတော့မည် မထင်ပါ...
တွေ့ဖြစ်တောင် တစ်ခါတလေမှပေါ့ နောက်စာသင်နှစ်တေွလဲ ရှိသေးတာမို့ အဲ့ဒါနှင့်ပဲ ဖြေသိမ့်နေရသည်....

ဒါမဲ့လဲ တက် မည့် တက္ကသိုလ်တူအုံးမှကိုး...
ဆက် မတွေးချင်တော့တာမို့ ထိုအတွေးတေွထဲကနေ ထယ်ယောင်းရုန်းထွက်လာခဲ့သည်.....

~ကလင်..ကလင်...ကလင်~

ခေါင်းလောင်းသံကြားသည်နှင့် စာမေးပွဲခန်းတေွထဲသို့ အပြေးအလွှား သွားနေကြသော ကျောင်းသားကျောင်းသူများ......
ဒီနေ့ကနောက်ဆုံးနေ့လေးမို့ သူတို့အမြန်
ပြီးဆုံးချင်ကြပီနှင့်တူသည်.....

ထယ်ယောင်းလဲ ဖြေစရာရှိတာ
ဖြေဖို့အတွက်  သူကျတဲ့စာမေးပွဲခန်းထဲကို
ဝင်လာခဲ့တော့သည်......

ထို့နောက်......

ထယ်ယောင်း ဖြေစရာရှိတာ အကုန်ဖြေပြီး အဖြေလွှာသွားထပ်လိုက်သည်....
  
      ထပ်ပီးသည်နှင့်တစ်ပြိုင်နက် ခုံပေါ်မှာ မှောက်အိပ်လိုက်ပြီး ခေါင်းလောင်းသံကိုသာနားစွင့်နေမိသည်.....
      အခုချိန်မှာ   သူအရမ်းကို ဂျောင်ဂုနဲ့ တွေ့ချင်နေပြီဖြစ်သည်...
       နောက်ဆုံးနေ့လေးမှာတော့ သေချာတွေ့ပြီး နှုတ်ဆက်ချင်သေးသည်....

~ကလင်...ကလင်...~

ခေါင်းလောင်းသံလဲကြားရော လိုချင်တာရသွားသည့် ကလေးသဖွယ်
ဆရာ့ကိုနှုတ်ဆက်ပီး အခန်းပြင်ထွက်လာခဲ့သည်.....

အပြင်ရောက်တော့ သူ့ကိုစောင့်နေသောဂျီမင့်ကို တွေ့လိုက်ရသည်.....

အော် ပတ်ခ်ဂျီမင်းတို့များ သူ့ထက်ပိုဆိုးနေပါလားဟုလဲ ထယ်ယောင်း တွေးလိုက်သည်.....

"ထယ်ယောင်း ဖြေနိုင်တယ်မလား....
     ဒါပဲမေးနေရတာ မမေးချင်တော့ဘူး..."

"အေးပါကွာ မမေးချင်လဲမမေးပါနဲ့"

ဂျီမင်နဲ့ ထယ်ယောင်းတို့ စကားပြောနေကြတုန်း သူတို့ရှိရာဘက်ကို လာနေကြတဲ့
ယွန်းဂီနှင့် ဂျောင်ဂု......

𝐼𝑡 𝐴𝑙𝑙 𝑆𝑡𝑎𝑟𝑡𝑒𝑑 𝑊𝑖𝑡ℎ 𝑇𝑒𝑒𝑛 𝐿𝑜𝑣𝑒[Completed]Where stories live. Discover now