#Unicode
ဂိတ်ပေါက်ကို ကင်မရာကြီးကိုင်
ပြီး အပြေးလာနေသော နမ်ဂျွန်း....."ဟျောင့်တေွ..."
ဂျောင်ဂုကတော့ သူ့ကိုဂျင်းထည့်သွားတဲ့ နမ်ဂျွန်းကို မကြည်ကြည့်နဲ့သာ စိုက်ကြည့်ပေးလိုက်သည်. ..
နမ်ဂျွန်းတစ်ယောက်ကလဲ ဂျွန်ဂျောင်ဂုကြီး သူ့စိုက်ကြည့်နေတာသိလို့
သူပြောချင်တဲ့အကြောင်းကိုသာ
အမြန်ပြောရန်ပြင်လိုက်သည်......."အဟမ်း မင်းတို့ကိုတိုင်ပင်စရာရှိလို့ကွ....
အယ် ဒါနဲ့ လူကဘာလို့များနေတာလဲ
ဂိတ်ပေါက် မှာ....""မင်းလုပ်တဲ့ အရှုပ်ထုတ်တေွလေ"
ဂျောင်ဂုမှ နမ်ဂျွန်းကို မာန်မဲလိုက်သည်...
"ဟဲ သားကြီးကလဲ ချိတ်ချိုးပါနဲ့ ငါတကယ် ဗိုက် မကောင်းလို့ပါကွာ"
"အေး မင်းဖေကာလနဂါးကပဲ ယုံလိမ့်မယ်"
"ဘာလဲ ကာလနဂါးဆိုတာငါ့ပြောတာလား?.."
ကာလနဂါးဆိုရင် သူ့ကိုပြောမှန်းသိတဲ့ မင်ယွန်းဂီမှထမေးလိုက်သည်.....
"ဘယ်သူရှိသေးလို့?.."
"ချီးပဲ မင်းမေကာလနဂါး ယုန်စုတ်ကောင်"
ရုပ်တည်ကြီးတွေနဲ့ ရန်ဖြစ်နေကြသော
အချေနှစ်ယောက်....ချေပုံချေနည်းချင်းသာ
မတူကြပေမဲ့ ချေတာချင်းတော့ တူကြပါသည်.....အချေနှစ်ကောင်ရဲ့ အကြောင်းသိသူပီပီ
နမ်ဂျွန်းမှ ဝင်ပြီးဖြေဖြန်လိုက်သည်...."ဟျောင့်တေွ မရှက်ကြဘူးလား
ချေခဲ့သမျှ ခဝါချကြတော့မလို့လား ဟမ်?"နမ်ဂျွန်းလဲ စကားဆုံးရော နဂါးမျက်စောင်းနဲ့ လှည့်ကြည့်လာကြသော အချေနှစ်ကောင်ကြောင့်....
"ဟီး း း"
နမ်ဂျွန်းမှာ ငါးခူပြုံးကြီးနဲ့ပဲ ပြုံးပြလိုက်ရတော့သည်...
"ဟို....ဟို...နမ်ဂျွန်း ခုနကတိုင်ပင်စရာဆိုတာဘာလဲဟင် ဟီး...ငါလဲသိချင်လို့...."
တစ်ခုခုဆို စပ်စပ်စုစုရှိတဲ့ ဂျီမင်က
ခုနက နမ်ဂျွန်းတိုင်ပင်တာကို သိချင်လို့
နားထောင်ဖို့အတွက် ငြိမ်နေသည်ကို ဂျောင်ဂုတို့ကရန်ထဖြစ်နေကြတာ နဲ့ စောင့်ရတာ
စိတ်မရှည်တော့ဘဲ
ထမေးလိုက်တော့သည်....
YOU ARE READING
𝐼𝑡 𝐴𝑙𝑙 𝑆𝑡𝑎𝑟𝑡𝑒𝑑 𝑊𝑖𝑡ℎ 𝑇𝑒𝑒𝑛 𝐿𝑜𝑣𝑒[Completed]
Fanfiction#Unicode မြတ်နိုးရာ ထယ်ကူးအတွက် ပထမဆုံးပုံဖော်ခြင်းပါဗျ.....💚💜 လိုအပ်ချက်..များရှိခဲ့ရင်လဲ တောင်းပန်ပါတယ်ဗျ🙆♂️ #zawgyi မြတ်နိုးရာ ထယ်ကူးအတွက် ပထမဆုံးပုံဖော်ခြင်းပါဗျ.....💚💜 လိုအပ်ချက်..များရှိခဲ့ရင်လဲ တောင်းပန်ပါတယ်ဗျ�...