#Unicode
ဒီနေ့လဲ ထယ်ယောင်း အိပ်ယာထနောက်ကျပြန်သည်..နာရီကိုကြည့်မိတော့
အချိန်က 8:15ရှိနေပီဖြစ်သည်ကျောင်းတက်ချိန်က 9:00မလို့ ကျောင်း
သွားဖို့ အမြန်ပြင်ဆင်ရတော့သည်
သူ့လုပ်ပုံနဲ့ကတော့ အချိန်နှစ်နာရီလောက်
ရလဲလောက် မှာမဟုတ်တာကြောင့်
သက်ပြင်းချမိသည်ဒီလိုနဲ့ အိမ်ကပြင်ဆင်ပြီး ထွက်အလာ
ကားမှတ်တိုင်တွင်လဲ Busကတော်တော်နှင့်
မရောက်လာသောကြောင့် ထပ်ပီးကျောင်း
နောက်ကျဖို့ရာ သေချာသွားရပြန်သည်ထယ်ယောင်း အိပ်ယာထနောက်ကျ
ရသည်မှာ မနက်တိုင်းသူ့ကို စောစောနှိုးပေး
တဲ့ ဦးလေးဖြစ်သူမရှိသောကြောင့် ဖြစ်သည်
ဦးလေးဖြစ်သူက နိုင်ငံအနှံ့ ခရီးထွက်သွား
သောကြောင့် စောစောမနိုးသဖြင့် ဦးလေးဖြစ်သူ ခရီးစထွက်တဲ့ချိန်ကစပြီး
နေ့တိုင်းပုံမှန် ကျောင်းနောက်ကျသည်ထယ်ယောင်းသည် သူ့ဦးလေးနှင့် အတူ
လာနေခဲ့တာ အချိန်အတိုင်းအတာ တစ်ခုထိ
ရှိပီဖြစ်သည် ထယ်ယောင်းရဲ့ မိဘနှစ်ပါး
ကတော့ သူတို့ရဲ့ မွေးရပ်မြေမှာပဲ လယ်ယာအလုပ်ကို လုပ်ကိုင်ပြီး နေကြသည်
ကျောင်းပိတ်တဲ့ အချိန်တေမှာ ထယ်ယောင်း သည် သူ့မိဘတေကိုတွေ့ဖို့
မွေးရပ်မြေကို ပြန်လေ့ရှိသည်ထယ်ယောင်း ကျောင်းကို ရောက်လာတဲ့
အချိန် ကျောင်းတံခါးတောင် ပိတ်နေပြီဖြစ်
သည်
သူလည်းပုံမှန်အတိုင်းပဲ ကျောင်းစောင့်
ဦးလေးကြီးကို အကူအညီတောင်းပြီး
ဝင်လာခဲ့သည်ကျောင်းထဲဝင်ဝင်ချင်း မနေ့က ကျောင်းသားသစ် ဆိုသူ တစ်နည်းအားဖြင့်
ကျောင်းခေါင်းဆောင်ဆိုတဲ့ ရုပ်တည်ကောင်နဲ့ တိုးသည်....
ရှောင်ပါမယ် ဆိုမှ တည့်လာတိုးနေတဲ့
သူ့အဖြစ်ရယ်...အဲ့ဒါနဲ့ သူလည်း ကျောင်းသားသစ်ကို
ရှောင်ပြီး အတန်းဆီသွားမလို့လုပ်နေချိန်...ကျောင်းသားသစ်မှ သူ့ရဲ့ နာမည်ကဒ်ကို
လက်နဲ့ထောက်ပြီး. ....."ကင်မ် ထယ် ယောင်း ...... ကျောင်းနောက်ကျရင် ဒဏ်ကြေးပေးရမယ်"
YOU ARE READING
𝐼𝑡 𝐴𝑙𝑙 𝑆𝑡𝑎𝑟𝑡𝑒𝑑 𝑊𝑖𝑡ℎ 𝑇𝑒𝑒𝑛 𝐿𝑜𝑣𝑒[Completed]
Fanfiction#Unicode မြတ်နိုးရာ ထယ်ကူးအတွက် ပထမဆုံးပုံဖော်ခြင်းပါဗျ.....💚💜 လိုအပ်ချက်..များရှိခဲ့ရင်လဲ တောင်းပန်ပါတယ်ဗျ🙆♂️ #zawgyi မြတ်နိုးရာ ထယ်ကူးအတွက် ပထမဆုံးပုံဖော်ခြင်းပါဗျ.....💚💜 လိုအပ်ချက်..များရှိခဲ့ရင်လဲ တောင်းပန်ပါတယ်ဗျ�...