_12_

957 87 1
                                    

#Unicode

           ဂျောင်ဂုတို့ နား နားကပ်အော်သွားတဲ့
ဒဏ်ကြောင့် ယွန်းဂီမှာ သူရဲ့အူနေတဲ့ နားကို လျစ်လျူရှုပြီး ပြန်အိပ်ဖို့သာပြင်လိုက်သည်

         "ထယ်ယောင်းဂီးရား..."

         "ကျစ်...နောက်ထပ်ဘယ်သူလဲကွာ"

        ယွန်းဂီတစ်ယောက်  ပြန်အိပ်ဖို့လုပ်နေရာမှ သူ့ရှေ့မှာလာအော်နေတဲ့ကောင်လေးကြောင့် စုတ်သတ်ချလိုက်သည်...

          ဂျီမင်တစ်ယောက် ထယ်ယောင်းနဲ့သူငယ်ချင်းဖြစ်သွားပီမလို့ ဂျောင်ဂုကို
ကြောက်တဲ့စိတ်ကလျော့သွားပြီး ကျောင်းပေါက်ကတည်းက
အာဗြဲကြီးနဲ့ ထယ်ယောင်းနာမည်ကို
အော်လာခဲ့သည်......

        ဂျီမင်ဂိတ်ပေါက်ကိုရောက်တော့
ထယ်ယောင်းတို့ကိုမတွေ့ဘဲ တခြားအရာတခုကိုသာတွေ့လိုက်ရသည်...
       သူတွေ့လိုက်တဲ့အရာကတော့ ဖြူစုတ်နေတဲ့အသားရည်နဲ့
တစ်ကိုယ်လုံးအနက်ရောင်အပြည့် ဝတ်ဆင်ထားသောအရာပင်ဖြစ်သည်...
       လူလား? ဘာလား?  သဲသဲကွဲကွဲမသိသည့်အရာပင်.....

        ဂျီမင်တစ်ယောက်ကတော့ သူ့ရဲ့စပ်စု
တတ်တဲ့ အကျင့်လေးအတိုင်းစပြီးစပ်စုတော့သည်....

        "အမေ့ဘာကြီးလဲဟ လူရောဟုတ်လား
သွေးစုတ်ဖုတ်ကြီးလား ဒါမှမဟုတ် လင်းနို့
လူသားများလား?...."

         ယွန်းဂီ သူ့ရဲ့အရှေ့မှ ကောင်လေးတစ်
ယောက်က သူ့ရဲ့မျက်နှာကို လက်နှစ်ဖက်
ဖြင့်ကိုင်ကြည့်နေပြီး....

          ဟိုစမ်းဒီစမ်းဖြင့် နှုတ်ခမ်းကိုထော်ကာပါးစပ်မှလဲ  ပွစိပွစိနဲ့ တစ်ယောက်ထဲ
စဉ်းစားခန်းဝင်နေသည်ကိုသာ ခနလောက်ငြိမ်ပေးနေလိုက်သည်.....

     

       "ကိုင်လို့ဝပြီလား?..."

       "အယ် စကားပြောတတ်တယ်ဟ ဟီး"

      "စကားမပြောတတ်ရအောင် ငါက အ
နေတာမို့လို့လား"

      "မသိဘူးလေ ခဗျားကကျောက်ရုပ်ကြီးလိုပဲထိုင်နေတာကိုး.....ဒါနဲ့ လူရောဟုတ်ရဲ့လား ခဗျားက vampireမလား..ဟင်
ဟုတ်တယ်မလား ကျနော်ပြောတာ"

𝐼𝑡 𝐴𝑙𝑙 𝑆𝑡𝑎𝑟𝑡𝑒𝑑 𝑊𝑖𝑡ℎ 𝑇𝑒𝑒𝑛 𝐿𝑜𝑣𝑒[Completed]Where stories live. Discover now