_18_

834 76 4
                                    

#Unicode

ဒီနေ့ကျောင်းမှာ ဖက်ထုပ်ပြိုင်ပွဲနဲ့တင်
ဘာစာမှမသင်လိုက်ရဘဲ တစ်နေကုန်သွားတော့သည်.....

"ဗရုတ်လေး ကောင်းကောင်းပြန်"

"အင်း ဂျောင်ဂု မင်းရော"

ထယ်ယောင်း ဂျောင်ဂုကိုနှုတ်ဆက်နေတုန်း ဘေးကို ဂျီမင်နဲ့ ယွန်းဂီတို့ ရောက်လာကြသည်....

"ထယ်ယောင်း...ပြန်တော့မှာလား"

"အင်း ဂျီမင် ပြန်တော့မှာလေ ဒါနဲ့ဒီနေ့
မင်းကိုလဲ မတွေ့မိဘူး တစ်ယောက်ထဲ ဖက်ထုပ်တွေလုပ်ပြီး အဝဆွဲနေတာပေါ့ဟုတ်လား"

"ဘယ်ကသာ ဒီမှာလေ..."

ဂျီမင်မှ သူ့ဘေးက ယွန်းဂီကိုလက်ညိုးထိုးပြလိုက်ပြီး.....

"အဲ့မှာ အဲ့သွေးစုတ်ဖုတ် လင်းနို့လူသားကြောင့်လေ ငါလုပ်ထားတဲ့
ဖက်ထုပ်လေးတေွ
မင်းကိုလာကျွေးမလို့ကို
ဒင်းကဘယ်ဘဝထဲက
ငတ်နေလဲမသိဘူး အပူကြီးတေွလဲ ဇွတ်ယူစားလို့စားနဲ့ သူပဲအကုန်လုံးစားသွားတာ"

ယွန်းဂီမှာတော့ အသေးလေးပြန်ပြော​ပြနေတဲ့ ပုံက မသိရင် သူကပဲငတ်ပြတ်နေသလိုဖြစ်နေတာမို့ ချောင်းသာဟန့်လိုက်သည်....

"အဟမ်း.."

ထယ်ယောင်းမှာတော့ ယွန်းဂီ့ကိုကြည့်ပြီးစချင်လာတာကြောင့်....

"ဟုတ်ပါပီ ဂျီမင်ရယ် မင်းပြောတာနဲ့တင်ယွန်းဂီလည်နင်နေပါမယ်ကွာ ဟားဟား
ပီးကျ ငါကနောက်နေတာပါ မဟုတ်လဲဂျောင်ဂုရဲ့ ဖက်ထုပ်အရသာကတကယ်ကောင်းတယ်သိလား ဟီး နော ဂျောင်ဂု"

"အင်း"

"ဟွန့် ငါ့ဖက်ထုပ် လဲကောင်းပါတယ်နော်
မယုံရင် ဒီသွေးစုတ်ဖုတ်မေးကြည့် ဟုတ်တယ်မလား ယွန်းဂီ...."

"အင်း............."

ယွန်းဂီဆီက ထောက်ခံသံကြားတော့
ဂျီမင့်မှာ ပြုံးသွားရှာသည်.....

"ပူနေတော့ ဘာအရသာတေွမှန်း မသိလိုက်ဘူး"

နောက်ဆက်တွဲစကားလဲကြားရော
ဂျီမင်တစ်ယောက် မင်ယွန်းဂီကို လိုက်ရိုက်ပါတော့သည်....

"ရား.....မင်ယွန်းဂီ
မြိုတုန်းကမြိုပြီးတော့..."

"ငါအမှန်ပြောတာလေ တကယ် ပူနေတော့
ဘာအရသာမှန်းမသိလိုက်ဘူး.."

𝐼𝑡 𝐴𝑙𝑙 𝑆𝑡𝑎𝑟𝑡𝑒𝑑 𝑊𝑖𝑡ℎ 𝑇𝑒𝑒𝑛 𝐿𝑜𝑣𝑒[Completed]Where stories live. Discover now