_13_

908 90 3
                                    

#Unicode

          နမ်ဂျွန်းတစ်ယောက် မင်ယွန်းဂီကို
ဂျောင်ဂုတို့ဆီ ပြစ်ထားခဲ့ပြီး သူကတော့
ကင်မရာတစ်လုံးနဲ့ ကျောင်းရဲ့
ပန်းဥယျာဉ် နားမှာ
အလုပ်ရှုပ်နေလေသည်.....

        ပန်းဥယျာဉ်ကိုတစ်ချက် ဝေ့ဝိုက်ကြည့်လိုက်တဲ့အခါ ထပ်ဖြည့်ထားတဲ့ ပုံနရိပ်
ပန်းပင်အသစ်လေးတေွကိုတွေ့လိုက်ရသည်....

        အခြားပန်းပင်တေွက သူ့ကင်မရာထဲမှာ
တစ်ပုံနှစ်ပုံမက ရှိတာမလို့ အသစ်ရောက်လာတဲ့ ပုံနရိပ်ပန်းပင်လေးတွေကိုသာ
ရိုက်ရန်ပြင်လိုက်တော့သည်.....

        ပန်းပင်လေးတွေကို အလှပဆုံးဖြစ်
အောင် ရိုက်ဖို့ ကင်မရာနဲ့သေချာချိန်
နေတုန်း ပန်းပင်တွေကြားမှ လှုပ်လှုပ်
ရွရွဖြစ်လာပြီး တခုခု ထွက်ပေါ်လာတော့
သည်......
   

       "ဆရာဂျင်....."

       "ဟေ့ ကျောင်းသားလာအုံးဟ"

       ဆရာဂျင်ရဲ့ အော်သံကြောင့် လျှပ်တစ်ပြက်နမ်ဂျွန်းရဲ့ ကင်မရာထဲတွင် ဆရာဂျင်၏ ဒေါသထွက်
နေသောပုံလေးက နေရာယူပြီးသားဖြစ်
သွားတော့သည်.....

        "ဟို ဆရာ ဘာ...ဘာဖြစ်လို့လဲ မသိဘူးဗျ"

       "မြန်မြန်ငါ့ကိုလာဆွဲစမ်းပါကွာ....
ငါ့ခြေထောက်
ပန်းအိုးအောက်ညှပ်နေတာ ငါဘာသာထုတ်မရလို့ ပုရွက်ဆိတ်တေွလဲကိုက်နေပီကွ"

       မျက်နှာလေးကို ရှုံ့တွပြီးပြောနေတဲ့
ဆရာဂျင့်ပုံက
တကယ်ကို  သနားစရာကောင်းလွန်းလှသည်..
       အဲ့ဒါကြောင့်နမ်ဂျွန်းလဲ ခပ်မြန်မြန်
ပင် သွားပီးပန်းအိုးကို မပေးလိုက်သည်...

      "အားလားလား ခုမှပဲရတော့တယ် ငါ့ခြေထောက်လေးတော့သွားပါပီ အဖိကလဲခံရသေး ပုရွက်ဆိတ်ကလဲအကိုက်ခံရသေး"

       မြေကြီးပေါ်ကို ဆောင့်ကြောင့်ထိုင်ကာသူ့ခြေထောက်လေးကိုကိုင်ပြီး
ကလေးဆန်ဆန် ညီးညူနေတဲ့ ဆရာ ဂျင့်ပုံစံလေးကြောင့် နမ်ဂျွန်းမှာ သဘောကျသဖြင့်
ဟက်ဟက်ပက်ပက် ပြုံးမိတော့သည်.....

______________________________________

         ဆရာမဆီ သွားပြီး ပြန်လာကြတဲ့
ဂျောင်ဂုနဲ့ထယ်ယောင်း....
       ဂျောင်ဂုကတော့ သူ့သူငယ်ချင်းအကြောင်းသိသူပီပီ ဘာမှစိတ်မပူပေမဲ့
     ထယ်ယောင်းမှာတော့ ဂျောင်ဂုရဲ့သူငယ်ချင်းဆိုတဲ့ သွေးစုတ်ဖုတ်လား
ကာလနဂါးလား အဲ့လူပြန်အိပ်နေမှာပဲ စိတ်ပူနေသည်.....

𝐼𝑡 𝐴𝑙𝑙 𝑆𝑡𝑎𝑟𝑡𝑒𝑑 𝑊𝑖𝑡ℎ 𝑇𝑒𝑒𝑛 𝐿𝑜𝑣𝑒[Completed]Where stories live. Discover now