#Unicode
အတန်းထဲမှာ ဆရာ မရောက်သေးတာကြောင့် ဂျီမင်မှ ထယ်ယောင်းဘက်ကို ခပ်ဆွေးဆွေးဖြင့်စကားလှမ်းပြောသည်.....
"ထယ်ယောင်း ဘာလိုလိုနဲ့ final examတောင် နီးပြီနော် ငါကျောင်းကြီးကို
မခွဲချင်သေးဘူး မင်းကိုရော ကျန်တဲ့အခြားလူတွေရော..."ထယ်ယောင်းမှာ သူကိုယ်တိုင်လဲ မခွဲချင်တာမှန်ပေမဲ့
ခပ်နောက်နောက်ဖြင့်သာပြန်ဖြေလိုက်သည်...."ဟဟ ဂျီမင် မင်းက ယွန်းဂီနဲ့ သတ်ရတာမဝသေးလို့မလား?..."
"ရာ့...အဲ့သွေးစုတ်ဖုတ်ကို စကားထဲထည့်ပြောမနေနဲ့ "
"ငါသိပါတယ် ဂျီမင်နီးရာ"
"အမ်..မင်းကဘာသိတာ?"
"ယွန်းဂီကမင်းအပေါ်ထားတဲ့စိတ်ကိုလေ မင်းလဲသိတယ်မလား?..."
"ဘာ..ဘာတေွပြောနေတာလဲ ငါဘာမှမသိပါဘူး အဲ့အရူးက ဒီတိုင်း ငါ့တွေ့ရင်ကို
မထိတထိနဲ့ လိုက်စတာ ဒါပဲ...""ငါပြောပြမယ် ဂျီမင်နီး လူတစ်ယောက်ကလေ အခြားတစ်ယောက်ကို စတယ်နောက်တယ်ဆိုတာက တကယ်တော့ သူ့စိတ်ထဲမှာမင်းရှိနေလို့...
သူ့အတွေးတေွထဲမှာ မင်းကိုဘယ်လိုစရမလဲ ဘယ်လိုနောက်ရမလဲ သူစလိုက်ရင် ရောမင်းကဘယ်လိုပုံလေးနဲ့ ပြန်ပြီး
ရန်တွေ့မလဲ ဒါတေွပဲ သု့ခေါင်းထဲရှိတာ.....သေချာတာ တစ်ခုကတော့ ယွန်းဂီက
မင်းကိုသဘောကျနေတာ.....မင်းဘက်ကရော.....?"
"ငါ..ငါမသိဘူး ထယ်ယောင်း"
"ငါကြည့်ရသလောက်ကတော့ မင်းစိတ်ထဲမှာလဲ ယွန်းဂီရှိနေတယ်"
"မသိပါဘူးဆို ငါပြောပြမယ် မင်းနားထောင်ကြည့်...."
"အင်းပြော"
"ဒီလိုကွာ ငါ့မှာ အရင်ကcrhရှိတယ် ငါသူ့ကိုတကယ်သဘောကျခဲ့တာ သူဘာလုပ်လုပ်
အမြဲငေးကြည့်ပီး ပျော်ရွှင်ခဲ့ရတာ.....
ဒါမဲ့လေ နောက်ပိုင်းကျ တခြားလူတစ်ယောက်ပေါ်မှာ စပီးပြောင်းလဲလာတယ် ငါ့ခံစားချက်တေွက...
အဲ့လူကိုမတွေ့ရင် မသိမသာလိုက်ရှာမိတာတို့ သူငါ့ကိုစရင် သဘောကျတယ် သူနဲ့ရှိနေရင် ငါ့crhကို မေ့သွားတတ်တာတို့ကွာ...."
YOU ARE READING
𝐼𝑡 𝐴𝑙𝑙 𝑆𝑡𝑎𝑟𝑡𝑒𝑑 𝑊𝑖𝑡ℎ 𝑇𝑒𝑒𝑛 𝐿𝑜𝑣𝑒[Completed]
Fanfic#Unicode မြတ်နိုးရာ ထယ်ကူးအတွက် ပထမဆုံးပုံဖော်ခြင်းပါဗျ.....💚💜 လိုအပ်ချက်..များရှိခဲ့ရင်လဲ တောင်းပန်ပါတယ်ဗျ🙆♂️ #zawgyi မြတ်နိုးရာ ထယ်ကူးအတွက် ပထမဆုံးပုံဖော်ခြင်းပါဗျ.....💚💜 လိုအပ်ချက်..များရှိခဲ့ရင်လဲ တောင်းပန်ပါတယ်ဗျ�...