Intro

7.2K 287 6
                                    

Uni

'ဘာလို့အကြောတင်းနေတာလဲရိပေါ်'

'ကိုကိုကျွန်တော်ကြောက်လို့ပါ..မီး..မီးကအရမ်းမှောင်နေတာမို့..ရွတ်'

ရှောင်းကျန့်ကသူ့ရှေ့မှာတရှုံ့ရှုံ့နဲ့ငိုနေတဲ့ ၆နှစ်အရွယ်ကောင်လေးကြောင့်  သူပါမျက်ရည်တေကျလာခဲ့သည်

'ရိပေါ်..မငိုနဲ့တော့နော် ကိုကိုတို့ဒီကထွက်ပြေးနိုင်မှာပါ ကိုကိုကထွက်ပေါက်ရှာနေတုန်းမင်းကိုမလိုက်ခိုင်းတာကလေဟိုဦးလေးကြီးပြန်လာတာနဲ့တိုးရင်ရိပေါ်လေးဟိုနေ့ကလိုရိုက်ခံရမှာဆိုးလို့ပါ'

'ဟင့်..ကိုကို..ကိုကိုကြတော့ကောရိုက်ခံရမှာကြောက်ဖူးလား ပြီးတော့ဒီအဆောက်အဦးကြီးကအကြီးကြီး
ကိုကို..ဟင့်..ကိုကိုပျောက်သွားမှာ'

'ကိုကိုမပျောက်ပါဘူးရိပေါ်ရဲ့ ကိုကိုက၁၀နှစ်တောင်ရှိနေပြီလေ လမ်းတေကောင်းကောင်းမှတ်မိတာပေါ့
ကိုကို တံခါးရှိတဲ့နေရာတွေ့တာနဲ့ ရိပေါ်လေးဆီပြန်လာခေါ်ပြီး ကိုကိုတို့တူတူထွက်ပြေးကြမယ်လေ'

တကယ်တော့ရှောင်ကျန့်အရမ်းကြောက်နေမိတာပါ
၁၀နှစ်အရွယ်ကောင်လေးက ၆နှစ်အရွယ်ကောင်လေးရှေ့မှာ သတ္တိရှိတဲ့ပုံနေပြရမှာပေါ့
တစ်ပတ်ရှိပြီ ရိပေါ်လေးနဲ့သူဒီအောက်အအုံအဟောင်းထဲမှာဖမ်းခံထားရတာ ဘယ်ကမှန်းမသိတဲ့ဦးလေးကြီးကသူတို့ကိုအချိန်မှန်ထမင်း၂နပ်ကျွေးတယ် ဒါပေမဲ့သူကဆူညံတာကိုအရမ်းမုန်းတယ်ရိပေါ်လေးကအိမ်ကိုသတိရလို့ငိုရင်လဲရိုက်တယ် သူတို့နှစ်ယောက်ထွက်ပြေးဖို့ကြိုးစားတိုင်းလဲရိုက်တယ် ရှောင်းကျန့်အဲ့လူကြီးကိုအရမ်းမုန်းပါတယ် အရမ်းချစ်ဖို့ကောင်းတဲ့သူ့ညီလေးရိပေါ်ကို သူ့ထက်ပိုရိုက်တာကြောင့်ဖြစ်တယ်

ရှောင်ကျန့်အဖမ်းခံရပြီး၂ရက်လောက်မှာရိပေါ်ရောက်လာတာဖြစ်တယ်အဲ့ချိန်တုန်းကရှောင်ကျန့်မှာငိုရလွန်းလို့မျက်ရည်အရွှဲသားနဲ့ဖြစ်သည် မျက်လုံးကဖောင်းအစ်နေပြီးအရှေ့မြင်ကွင်းကိုသေချာမမြင်ရဘူး တဖြေးဖြေးသူ့ရှေ့တိုးလာတဲ့အစိမ်းလုံးလေးကြောင့်ငိုနေတာကိုရပ်ပြီးသူ့မျက်လုံးသူပွတ်ပီးကြည့်လိုက်တယ်

Be My Lover ,Ge (Complete) Where stories live. Discover now