part 9💛

1.7K 106 8
                                        

'ရိပေါ်ရေချိုးလို့ရပြီ'

'ကျန့်ကောကဟိုင်မြန်းပေါင်ပေါင်းအရုပ်ကိုအရမ်းကြိုက်ပုံပဲအကုန်အဲ့အရုပ်တေကြီးပဲ'

'အဟမ်း!ဟုတ်တယ်...ငါကအရမ်းကလေးဆန်တာပဲလို့တော့တွေးနေတာမဟုတ်ပါဘူးနော်'

'မတွေးပါဘူးဗျ...ဒါနဲ့ဒီအရုပ်လေးကြတော့'

ရိပေါ်ကခြသေ့်ရုပ်လေးကိုလက်ညှိုးထိုးပြတော့ရှောင်းကျန့်ကရှက်ကိုးရှက်ကန်းနဲ့ရီလိုက်ပြီးအရုပ်လေးကိုကောက်ယူလိုက်တယ်

'ဒါငါ့ညီလေးလေငါအမေရိကမသွားခင်ကတည်းကငါ့နဲ့အတူရှိတာ'

'ဘယ်ကရတာလဲ'

'ဘာလဲမင်းလဲဒီအရုပ်လေးကိုကြိုက်တယ်လို့မပြောနဲ့နော်မပေးဘူး'

'မဟုတ်ပါဘူးဒီတိုင်းမေးတာပါ'

'ဘယ်ကရလဲတော့ငါမမှတ်မိတော့ဘူးဒါပေမဲ့လေငါ့မားကဒီအရုပ်ကိုမကြိုက်ဘူးထင်တယ်'

'ဘာလို့လဲ'

'မသိဘူးလေငယ်ငယ်ကဆိုမားကအဲ့အရုပ်ကိုခဏခဏလွှင့်ပစ်မလို့လုပ်နေတာငါကအတင်းလုထားတာနောက်ပိုင်းမရှိတော့ဘူးလို့ပြောပြီးငါဖွက်ထားရတာ'

'......'

ရှောင်းကျန့်ကအရုပ်ကိုချပြီးဗီဒိုထဲမှာရိပေါ်ကို၀တ်ပေးလို့ရမဲ့အကျီရှာနေရင်းဆက်ပြောတယ်

'အဲ့တာတောင်ခြသေ့်လေးကခြေထောက်ပြုတ်ထားတာငါပြန်ချုပ်ထားရတယ်'

ရိပေါ်ကသေချာယူကြည့်လိုက်တော့ခြေထောက်နဲ့ခန္ဓာကိုယ်ကြားမှာအပ်နဲ့မညီမညာချုပ်ရာလေးရှိတယ်
*ကျန့်ကောကဒီအရုပ်လေးကိုတော့သိမ်းထားပြီးငါ့ကိုဘာလို့မမှတ်မိတာလဲ*

'ဘာလို့အသစ်မ၀ယ်ဘဲဒီစုတ်နေတာကြီးကိုအခုထိသိမ်းထားတာလဲ'

'မစုတ်ပါဘူးနော်ငါကငါ့ညီလေးကိုလွှင့်ပစ်စရာလား'

'ကျွန်တော်ရေချိုးတော့မယ်'

'အင်းသွားချိုးမြန်မြန်ငါအကျီထုတ်ထားပေးမယ်'

ရိပေါ်ရေပန်းအောက်မှာရပ်ရင်းစိတ်လေးလံမှုတေကိုလျော့ချနေတယ်
အရင်နှစ်တေတုန်းကကျန့်ကောဘယ်လိုနေ
ခဲ့တာလဲငါအခုချိန်ပြောပြရင်ကောပြန်မှတ်မိလောက်မလားဒါမှမဟုတ်သူ့ကိုလာနောက်နေတယ်ပဲထင်မှာ

Be My Lover ,Ge (Complete) Where stories live. Discover now